26 April 2024

ပီရှာဝါမြို့မှ နိုင်ငံခြားသတင်းဌာနများက ဖော်ပြထားပါတယ်။ ပါကစ္စတန်တွင် ဇန်နဝါရီ ၃၀ ရက် တနင်္လာနေ့ မွန်းလွဲပိုင်းက ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပီရှာဝါမြို့ရှိ ဗလီတစ်ခုအတွင်းအသေခံဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၆၁ ဦး သေဆုံးပြီး ၁၅၀ ထက် မနည်းဒဏ်ရာ ရရှိခဲ့ပါတယ်။

ပီရှာဝါမြို့မှာ ဒီအဖြစ်အပျက်ဟာအသေခံဗုံးခွဲသမားရဲ့လက်ချက်ဖြစ်တယ်လို့ ပါကစ္စတန်ရဲတွေကပြောပါတယ်။ အကြီးတန်းရဲအရာတစ်ဦးက သေဆုံးသူအရေအတွက်ကို ဗွီအိုအေသတင်းထောက်ကိုအတည်ပြုခဲ့ပြီး သေဆုံးသူ အရေအတွက်တိုးလာမှာကိုစိုးရိမ်ရတယ်လို့ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ မတွေ့ရသေးတဲ့သူတွေရှိသလို မဖော်ထုတ်ရသေးတဲ့အလောင်းတွေလည်းရှိပါသေးတယ်လို့ဆိုပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ်က ပီရှာဝါမြို့ရှိ ဗလီတွင် အသေခံဗုံးခွဲမှုကို ရှုတ်ချကြောင်း အစိုးရထုတ် ပြန်ချက်တွင် ဖော်ပြထားပါတယ်။ လောလောဆယ် ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတွေက ပြောပါ တယ်။ ဗုံးခွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ လက်ချက်ဖြစ်ကြောင်းမထုတ်ပြန်သေးပေ။

မနှစ်ကလဲ ပီရှာဝါမြို့ရှိအခြားဗလီတစ်ခု မှာ အသေခံဗုံးခွဲမှုအလားတူတစ်ဖြစ်ပွားခဲ့ဖူးပါတယ်။ ပါကစ္စတန် တာလီဘန်အဖွဲ့၏ ဆက်နွှယ်နေသည့် Tehreek-e-Taliban (TTP) ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅၈ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

SHARE THIS NEWS

OTHER NEWS