4 May 2024

ဇွန်လ ၂၇ ရက်၊ ၂၀၂၂

မနေ့က မြဝတီမြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာကြောင့် ကျည်ကျတဲ့အသံတွေဟာ မဲဆောက်ဘက်ကိုကြားနေရတယ်လို့ မဲဆောက်ဒေသခံတွေကပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ် ဝေါလေဒေသ စစ်ကောင်စီရဲ့ ဥကရစ်ထခြေကုတ်စခန်းကို KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာလို့ သိရပြီး ဇွန် ၂၆ ရက် မွန်းလွဲပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်များကဖော်ပြထားပါတယ်။

“မနေ့ကတော့ ထိုင်းနိုင်ငံ ဖုတ်ဖလမြို့နယ်ဘက်ခြမ်းမှာ မြန်မာဘက်ခြမ်းကတိုက်ပွဲဖြစ်နေတဲ့အသံတွေကြားနေရတယ်လို့ အဲဒီမှာရှိတဲ့မြန်မာတချို့ပြောတာပဲ၊ ထိုင်းဘက်ခြမ်းကိုလဲ စစ်ရှောင်တွေအနည်းငယ်တိမ်းရှောင်လာတာတော့ရှိတယ်။ ထိုင်းဘက်ကဘာမှမပြောသေးတော့ အတည်ပြုလို့မရသေးဘူးပေါ့” လို့ မယ်ပမှာရှိတဲ့ ကိုအောင်သူလင်း ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာက ဥကရစ်ထခြေကုတ်စခန်းမှာဖြစ်တာကြောင့် ဥကရစ်ထကျေးရွာနေ ကရင်တိုင်းရင်းသားတွေ ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ အသက်ကြီးတဲ့သူတွေမှာ ပြောင်းခြံထံမှာ ပြေးလိုက် ဝတ်လိုက်နဲ့ ထွက်ပြေးကြရပြီး၊ လက်ရှိထိုင်းဘက်ခြမ်းမှာ တိမ်းရှောင်နေတယ်လို့ ဒေသခံ ကရင်အမျိုးသမီး နော်အဲထူးဆေး က Myanmar Live ကိုပြောပါတယ်။

“မနေ့က ညီမတို့နေတဲ့နားမှာတိုက်ပွဲတွေဖြစ်နေလို့ ကလေးရောလူကြီးပါ ပြောင်းဖူးခြံတွေကြားမှာ ထွက်ပြေးလိုက် သေနတ်သံတွေကြားရင် မြေကြီပေါ်မှာ ဝတ်နေလိုက်လုပ်ပြီး ထွက်ပြေးခဲ့ရပါတယ်။ ခုတော့ထိုင်းဘက်ခြမ်းကို စစ်ရှောင်နေရတယ်။ လူဦးရေတော့ ၁၀၀ ခန့်ရှိတယ်” လို့ စစ်ရှောင်သူ နော်အဲထူးဆေး က Myanmar Live ကိုပြောပါတယ်။

မနေ့ကတည်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ထွက်ပြေးလာပြီး၊ ခုထိ အိမ်မပြန်ရဲကြသေးဘူး။ ထိုင်းဘက်ခြမ်းမှာပဲရှိနေပါသေးတယ်။ အကူအညီတွေတော့လာတာမတွေ့သေးဘူးလို့ နော်အဲထူးဆေး ကဆက်ပြောပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS