25 April 2024

,

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခွန်ကယ်ခရိုင်မှာ အသက် ၄၅ နှစ်အရွယ်ထိုင်းအမျိုးသားတစ်ဦး ထိုင်းထီပထမဆု ၄ စောင် ကံထူးခဲ့ပြီး ဘတ် ၂၄ သန်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

ကံထူးရှင် ထိုင်းအမျိုးသားနေအိမ်ကို သတင်းထောက်များ သွားရောက်ခဲ့တဲ့အချိန်မှာ ကံထူးရှင်ထိုင်းအမျိုးသားဟာ ၎င်း၏အမျိုးသမီးနေထိုင်ရာ ခိုရတ်ခရိုင်သို့ အလုပ်သွားရောက်လုပ်ကိုင်နေကြောင်း အိမ်သူအိမ်သားတွေ ပြောပြချက်အရ သိခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ကံထူးရှင်ထံ အံစာတုံးကားငှားပြီး ဂုဏ်ပြုရန် လိုက်လာခဲ့ကြတဲ့ အမျိုးတွေဟာ ကံထူးရှင် သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ခိုရတ်မြို့သို့ ဂုဏ်ပြုရန်ချက်ခြင်းလိုက်သွားခဲ့ကြပါတယ်။

လက်ရှိမှာတော့ ကံထူးရှင်အမျိုးသားဟာ ထီရုံးတွင် ငွေထုတ်ယူရန် နီးစပ်ရှာရဲစခန်း၌ သွားရောက်အသိပေးခဲ့ပြီ ဖြစ်ကြောင်းသိရပါတယ်။

SHARE THIS NEWS

OTHER NEWS