26 April 2024

“Baby Crystal” အန္တရာယ်ရှိသောကစားစရာများကိုရောင်းချခြင်းမပြုရန် CCSA မှသတိပေးထားပြီး ကလေးများစားမိပါက အူသိမ်ခွဲစိတ်ကုသမှုအထိရောဂါကိုခံစားရပြီး ဖောက်ဖျက်ကျူးလွန်ပါက ၃ နှစ်ထက်မပို သောထောင်ဒဏ် ၊ ဘတ် ၆သိန်းထက်မပိုသော ငွေဒဏ် (သို့မဟုတ် ) ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရမည်ဖြစ်ပါ တယ်။

.

မိခင်တစ်ဦးကနေပြီးတော့ အတွေ့အကြုံကိုဝေမျှထားပြီး သူမ၏ကလေးသည် ရေမစိမ်ရသေးတဲ့ “Baby Crystal” ကို မျိုချမိခဲ့ရာမှ အူလမ်းကြောင်းပိတ်ဆို့ကာ ICU မှာအရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။ လက်ရှိ ICU တွင် ကုသမှုခံယူနေရဆဲဖြစ်သော်လည်း ခွဲစိတ်မှုအပြီးတွင် ကလေးအခြေအနေအလုံးစုံကောင်းမွန်ပြီး အခြေအနေတည်ငြိမ်သွားမှာသာ ဆရာဝန်ကနေပြီးတော့ပုံမှန်ကုသအခန်းသို့လွှဲပြောင်းပေးသွားမည်ဖြစ်ပါတယ်။

.

အရင်ရက်တွေကဆို ကလေးကဘာမှမစားနိုင်ဘဲအမြဲတိုင်းအန်နေတယ်။ အမေက အကြီးဆုံးသမီးပန်းအိုးထဲ အလှဆင်ဖို့အတွက် “Baby Crystal” လေးတွေကိုဝယ်လာပေးရာမှ အငယ်ဆုံးကလေးကဘယ်အချိန်ကတည်း ကယူပြီးမျိုချလိုက်မှန်းမသိဘူးလို့ဆိုပါတယ်။ နောက် ၁-၂ ရက်လောက်ကြာရင် ကလေးလေးအသက်ဆုံးရှုံးသွား နိုင်ချေရှိတယ်။ ရောဂါကိုရှာဖွေပြီးကလေးအသက်ကိုကယ်ပေးတဲ့အတွက် ဆရာဝန်တွေကိုကျေးဇူးတင်ပါတယ် လို့ဆိုပါတယ်။

.

မကြာသေးမီက ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်တွင် စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ရုံး၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် “Baby Crystal” (ခေါ်) ရေစိမ်လိုက်ရင်ဖောင်းပွလာတဲ့ရေလုံးတွေဟာ လူ့အူအတွင်းရှိ အစာအိမ်ရည်နှင့် တူညီသည့်အခြေအနေရှိပြီး အစာခြေချိန်အတွင်း အစာအိမ်အခြေအနေအရ ၅ဆအထိ ဖောရောင်လာနိုင်ပါတယ်။ စားမိပါက အစာချေဖျက်မှုချို့ယွင်းလာပြီး အူလမ်းကြောင်းကိုပိတ်ဆို့စေပါတယ်။ ထို့ကြောင့် စားသုံးသူ အကာအကွယ်ပေးရေး ဘုတ်အဖွဲ့ အမှတ် ၉/၂၅၂၇ ဟုခေါ်သော “Baby Crystal” (ခေါ်) ရေစိမ်လိုက်ရင်ဖောင်းပွလာတဲ့ရေလုံးကိုရောင်းချခွင့်မပြုရန် တားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS