3 May 2024

မေလ ၁၅ ရက်၊ ၂၀၂၂

အိမ်ဟောင်းတစ်လုံးအတွင်းမှာ အုပ်စုလိုက်နေထိုင်တဲ့ တရားမဝင် မြန်မာ ၂၂ ယောက်ကို ထိုင်းအာဏာပိုင်တွေရဲ့ ဝင်ဖမ်းခြင်းကိုခံလိုက်ရပါတယ်။ တရားမဝင်သူတွေ လာရောက်ပုန်းခိုနေတာကို ပတ်ဝန်းကျင်က တိုက်လိုက်လို့ အဖမ်းခံကြရတာဖြစ်ပါတယ်။

 

 

အဖမ်းခံရတဲ့ မြန်မာ ၂၂ ယောက်မှာ ကျား ၁၄ ယောက်နဲ့ မ ၈ ယောက်ဖြစ်ပါတယ်။ သူတို့တွေကို ထိုင်းနိုင်ငံ လန်းဖွန်းခရိုင် လန်းဖွန်းမြို့နယ်မှာ အဖမ်းခံလိုက်ရတာပါ။

 

 

ထိုင်းနိုင်ငံအတွင်း၌ အလုပ်အကိုင်ရရှိဖို့အတွက် တစ်ဦးလျှင် မြန်မာငွေကျပ် (၁၃) သိန်းအထိပေးရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ချင်းမိုင်ခရိုင်တောလမ်းခရီးမှတဆင့် အုပ်စုခွဲ၍ ခြေလျင်လျှောက်ရပြီးနောက် ပွဲစားနှင့် ချိန်းဆိုထားတဲ့နေရာကိုရောက်တော့ကားဖြင့် တဆင့် လာရောက်ကြိုတယ်ဟု သိရပါတယ်။

 

 

ထို့နောက် ဘန်ကောက်မြို့မှာ အလုပ်လုပ်ရန်သွားပို့ဆောင်ပေးဖို့အတွက် အဆိုပါ လမ်ဖွန်ခရိုင်အတွင်းရှိ အိမ်ဟောင်းတစ်လုံးမှာ ပွဲစားက ပုန်းအောင်းနားခိုခိုင်းထားပြီး ထိုင်းဒေသခံမှ အာဏာပိုင်တို့ထံ တိုင်ကြားလိုက်ခြင်းကြောင့် အခုလိုအဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

Andrew KC ဇွဲကပင်မြေ

ဓါတ်ပုံ – ภาคเหนือ

SHARE THIS NEWS

OTHER NEWS