3 May 2024

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာက နေအိမ် ၂၀၀ ကျော်ကို စစ်တပ်ကမီးရှို့ဖျက်ဆီးသွားတယ်ဟု ဒေသံခံတွေကပြော

 

 

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာက နေအိမ် ၂၀၀ ကျော်ကို စစ်တပ်ကမီးရှို့ဖျက်ဆီးသွားတယ်ဟု ဒေသခံတွေက Myanmar Live ကိုပြောပါတယ်။

 

 

“ဧပြီလ ၃ ရက်နေ့က စစ်တပ်တွေ ရွာထဲဝင်လာတယ်။ ကျမရဲ့ရွာပါ။ စစ်ကိုင်းတိုင်းရွှေဘိုခရိုင် ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာပါ။ စစ်တပ်တွေက ရွာထဲကိုရောက်တော့ အော်ဆဲတဲ့အပြင် လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်တယ်။ မနက် ၉ နာရီလောက်မှာ ငါးတင်းကြီးရွာကိုမီးရှို့တော့တာပဲ။ ဒါပေမယ့် အဲဒီနေ့က မိုးအငယ်နည်းရွာတော့ မီးမလောင်ဘူးပေါ့၊ ဒါနဲ့ စစ်တပ်ကရွာထဲကနေ ဘယ်မှ မသွားဘဲ ရွာရဲ့သမိုင်းဘုန်းကျောင်းနဲ့ မြောက်ကျောင်းမှာ စခန်းချတယ်။ နေ့လည်ဘက်မှာ အိမ်တွေကိုမီးထပ်ရှို့တယ် ဂက်စ်တွေ ကားတာယာတွေပါ အသုံးပြုပြီး အိမ်တွေမလောင် လောင်အောင်ရှို့သွားကြတယ်။

 

 

ပြီးတော့သိလာ အိမ်တွေမှာရှိတဲ့ စားပွဲခုံ ထိုင်ခုံတွေကို သေချာစုပြီး ဓါတ်ဆီလောင်း မီးရှို့တယ်။ အိမ်ခြေတော့ ၇၀၀ လောက်ရှိတယ်။ စာရင်းကောက်ကြည့်တော့ ၂၅၀ ခန့်ကမီးလောင်ပျက်စီးသွားတယ်” လို့ ငါးတင်းကြီးရွာသူ မသူသူမေ (အမည်လွဲ) က Myanmar Live ကိုပြောပါတယ်။

 

 

ရွာထဲကို ဝင်လာတာကတော့ စစ်ကောင်စီတပ်သား ၈၀ ခန့်ရှိပြီး၊ ငါးတင်းကြီးရွာကို ဧပြီလ ၃ ရက်နေ့ မနက် ၉ နာရီကတစ်ကြိမ်၊ နေ့လည် ၁ နာရီလောက်ကတစ်ကြိမ်ရှို့သွားတာကြောင့် ညအချိန်အထိ မီးရောင်မြင်နေရသဖြင့် ရွာလုံးကျွတ်နီးပါး ပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သူမကဆက်ပြီးပြောပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS