28 April 2024

မြန်မာနိုင်ငံမှာနေရပ်စွန့်ခွာစစ်ရှောင်နေရသူ ၉ သိန်းခန့်ရှိပါတယ်။ ပြည်သူတွေမှာ စားနပ်ရိက္ခာမလုံလောက်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး၊ ယူကရိန်းပြည်သူတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေ နည်းတူ မြန်မာနိုင်ငံမှာလည်းရင်ဆိုင်နေရတယ်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ရဲ့ အရေးပေါ်အထူးအစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မတ်လ၂၄ ရက်တွင် ပြောကြားလိုက်တာဖြစ်တယ်လို့ ဘီဘီစီကဖော်ပြထားပါတယ်။

စစ်တပ်က ပြည်သူတွေ နဲ့ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့်ပြစ်မှုတွေလုပ်နေတာအပြင် အင်အားအလွန်အကျွံအသုံးပြု တိုက်ခိုက်မှုတွေရှိနေတယ်။ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာသူ (၉) သိန်းခန့်ရှိလာပြီဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အထူးလိုနေအပ်နေသူ ၆ ဒသမ ၂ သန်းခန့် ရှိနေပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

Ref: BBC

SHARE THIS NEWS

OTHER NEWS