27 April 2024

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၂

“ပြည်သူ့အစိုးရ NUG အလုပ်သမားဝန်ကြီးဌာနအား အကူညီတောင်းခံအပ်ပါသည်” အလုပ်သမားများသည် အကြောင့်မဲ့အလုပ်ဖြုတ်ခံရပါသည်” NUG မှ တာဝန်ပေးအပ်ထားသော ကိုရဲမင်း အား အကူညီတောင်းခံပါသည်” ဟု မြန်မာလုပ်သား ၁၀၀ ကျော်မှာ ရုတ်တရုတ်အလုပ်ကနေ ထုတ်ခံရတာကြောင့် ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လူစုတောင်းဆိုခဲ့ကြပါတယ်။

 

 

ထိုင်းနိုင်ငံ စမုပရာကန်ခရိုင် ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံက အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ကို အလုပ်ကနေထုတ်ပယ်ခံရတဲ့အပေါ် ဒီကနေ့ ဆန္ဒပြတောင်းဆိုနေကြတယ်လို့ Ye Min ကဖော်ပြထားပါတယ်။

 

 

၄င်းစက်ရုံမှာ လုပ်သား ၅၀၀ ခန့်လုပ်ကိုင်နေကြတာဖြစ်ပြီး၊ မြန်မာလုပ်သား ၁၁၀ ဦးကိုအကြောင်းမဲ့အလုပ်ကနေထုတ်ခံရလို့ အကူညီလာတောင်းတာဖြစ်တယ်ဟု ကိုရဲမင်း ကဆိုပါတယ်။

 

 

အပြစ်မရှိဘဲ အလုပ်ကရပ်နားခံရ​သော မြန်မာလုပ်သားတွေက(NUG)အစိုးရအလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ကိုရဲမင်း(AAC) မဟာမိတ်အဖွဲ့ထံ အကူအညီ​တောင်းခံလာတာလို့ပြည်ပလုပ်သားစီမံခန့်ခွဲ​ရေးဌာနမှ CDM အလုပ်သမားသံအရာရှိ​ဟောင်းဦး​ဝေလင်း​မောင်နှင့်တာဝန်ရှိသူများနှင့် အလုပ်သမားတွေနဲ့သွားရောက်တွေ့ဆုံပြီးအလုပ်ရှင်၊အလုပ်သမားနှစ်ဖက်ကြားပြေလည်​စေရန် ​​ညှိနိူင်း​ဖြေရှင်း​ပေး​ခဲ့တယ်ဟု ဖော်ပြချက်အရသိရပါတယ်။

 

 

ထိုင်းရှိစက်ရုံများမှာ အလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်ကနေထုတ်ပစ်တာ ဆက်တိုက်ရှိလာသလို၊ နခွန်ပထုန်ခရိုင်၊ ပါထုန်ဌာနီခရိုင်ရှိ စက်ရုံတွေကလဲ စက်တင်ဘာလအတွင်းမှာ အလုပ်သမားတွေကို အကြောင်းမဲ့အလုပ်ကနေထုတ်နေတာရှိတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

Photo: Ye Min

SHARE THIS NEWS

OTHER NEWS