25 April 2024

အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၂

မြန်မာ MoU လုပ်သားတွေ ထိုင်းဝင်ခွင့်ပေးပြီးနောက် ငါးလအတွင်း တရားဝင် မြန်မာလုပ်သား ငါးသောင်းကျော် ထိုင်းမှာ ရောက်ရှိနေပြီလို့ သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့အထိ နောက်ဆုံးရအချက်တွေထဲတော့ သဘောတူစာချွန်လွှာ MOU စနစ်နဲ့ ငါးလအတွင်း မြန်မာအလုပ်သမား ၅၇ဝဝဝ ကျော် ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

ထိုင်းဝင်ရောက်တဲ့ အလုပ်သမား ၅ သောင်းကျော်မှာ စာချုပ်မှာပါတဲ့ လုပ်ငန်းအတိုင်း ၈၀ ရာခိုင်နှုန်းလောက်ကလုပ်ကိုင်နေတာရှိပေမယ့်၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းမှာတော့ အလုပ်နဲ့ မတူဘဲ တခြားနေရာတွေမှာ လုပ်ကိုင်နေရတာတွေ ရှိနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေထံကသိရပါတယ်။

ထို့ပြင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ လက်တလောတိုက်ပွဲတွေပြင်းထန်နေတာကြောင့် အဲဒီလမ်းကြောင်းကနေ ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်တဲ့လုပ်ငန်းတွေ ယာယီရပ်နားထားရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ ကော့ကရိတ်-မြဝတီအာရှလမ်းမမှာတိုက်ပွဲတွေပြင်းထန်နေပြီး အဲဒီရက်ပိုင်းမှာ ထိုင်းလာမယ့် မြန်မာ MoU လုပ်သား ၇၀၀ ကျော်မှာ အာရှလမ်းမကြီးလမ်းပိုင်းမှာ ပိတ်မိနေပါတယ်။ အဲဒီရက်အတွင်းမှာလဲ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ကုန်ပစ္စည်းပို့မယ့် ကုန်တင်ကားတွေလည်း အဲဒီလမ်းမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် မြဝတီ-မဲဆောက်လမ်းကြောင်းတိုင်း အလုပ်သမားစေလွှတ်ရာမှာ စိတ်မချရလို့ ကော့သောင်းဘက်ကနေ ထိုင်းနိုင်ငံကို မြန်မာလုပ်သား စေလွှတ်မယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကပြောပါတယ်။

ကိုချစ် ဇွဲကပင်မြေ

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်းတွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ – ဘဝမ်း)

SHARE THIS NEWS

OTHER NEWS