9 May 2024

မလေးရှားကိုကူးမယ့် မြန်မာနိုင်ငံသား ၆၁ ဦးကို ထိုင်းနိုင်ငံ ဆုန်ခရာခရိုင်မှာ အဖမ်းခံလိုက်ရပါတယ်။ ဖမ်းဆီးခြင်းခံရတဲ့ မြန်မာနိုင်ငံသား ၆၁ ဦးထဲမှာ ၉ နှစ်အရွယ်နဲ့ ၁၇ နှစ်အရွယ်တွေလဲပါတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့နယ်ရှိ အပန်းဖြေတဲ့နေရာဖြစ်တဲ့ resort တစ်ခုမှာ အခန်း ၃ ခန်းနဲ့ မြန်မာနိုင်ငံသား ၆၁ ဦးကို နေခိုင်းပြီး ထိုင်း-မလေးရှားနယ်စပ်သို့ ကူးဖို့စောင့်နေတုန်းမှာ ထိုင်းအာဏာပိုင်တွေရဲ့ ဝင်ဖမ်းတာကို ခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးခြင်းခံရပြီနောက် တာဝန်ရှိသူများက ၎င်းတို့အားလုံးကို COVID-19 စစ်ဆေးမှုဆောင်ရွက်ခဲ့ပြီး၊ ကိုဗစ်၁၉ ကူးစက်ခံရတဲ့ လက္ခဏာတွေ မတွေ့ရဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံသား ၆၁ ဦးမှာ ထိုင်းနိုင်ငံ ကန်ကျနဘူရီနယ်စပ်ကနေ ထိုင်းကိုဝင်ရောက်လာတာလို့ သိရပါတယ်။ ခရီးသွားစရိတ်အဖြစ် လူတစ်ဦးလျှင် ကျပ် ၈ သိန်း သို့မဟုတ် ထိုင်းငွေ ၁ သိန်းငါးသောင်းခန့် ပွဲစားကိုပေးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေ မေးမြန်းစဥ်မှာ ပြောပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS