26 April 2024

ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အပေါ် ရုရှားဟာ လုပ်သင့်တဲ့ လုပ်ဆောင်ချက်ကို လုပ်သွားတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပြောဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA နဲ့ အင်တာဗျူးမှာ အခုလို ထောက်ခံပြောဆိုခဲ့ပါတယ်။

“နံပါတ် ၁ ကတော့ ဒီကိစ္စကတော့ ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့ချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာကိုပြသခြင်းမြင်ပါတယ်။”

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အပေါ် ရုရှားနိုင်ငံသူနိုင်ငံသားတွေအပါအတွင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအများစုက ပိတ်ဆို့အရေးယူမှုတွေအပြင် ပြစ်တင်ဝေဖန်ရှုတ်ချနေစဉ်မှာ စစ်ကောင်စီရဲ့ ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားကို အခုလို ထောက်ခံပြောဆိုခဲ့တာပါ။

SHARE THIS NEWS

OTHER NEWS