29 April 2024

ချင်းမိုင်ခရိုင် ချင်းမိုင်မြို့မှာ ကိုဗစ်၁၉ ကူးစက်လူနာသစ် ၃၀၀၀ ကျော်ရှိခဲ့တယ်လို့ DVB သတင်းကဖော်ပြထားပါတယ်။ အများစုက အိုမီခရွန် လူနာများဖြစ်တယ်လို့ သိရပါတယ်။

RT-PCR စစ်ဆေးမှုနဲ့ ၃၆၁ ဦးတွေ့ရှိတယ်။ ၂,၇၂၂ ဦးကတော့ Antigen စစ်ဆေးမှုနဲ့ တွေ့ရှိခဲ့တာလို့ ထိုင်းကူးစက်ရောဂါဆိုင်ရာ ကော်မတီက ပြောပါတယ်။ ပိုးတွေ့လူနာသစ် ၃,၀၈၃ ထဲမှာတော့ အများစုက အိုမီခရွန်ပိုးတွေ့လူနာတွေဖြစ်ပြီး သေဆုံးသူ ၁ ယောက်ရှိခဲ့ပါတယ်။

ချင်းမိုင်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်းကတော့ ၁၀,၇၄၇ ယောက်ထိ ရှိနေတာ ဖြစ်ပါတယ်။ ထိုင်းတစ်နိုင်ငံမှာတော့ ဒီကနေ့လူနာသစ် ၂၁,၂၃၂ ဦး၊ စုစုပေါင်း ၂,၇၇၀,၇၉၃ ဦးရှိနေပြီလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ခုလိုကူးစက်မှုတွေဟာ လုပ်ငန်းခွင်တွေ၊ ဆေးရုံတွေ၊ ဈေးတွေ၊ ရွှေ့ပြောင်းအလုပ်သမားစခန်းတွေ၊ စားသောက်ဆိုင်တွေစတဲ့ လူစုလူဝေးများတဲ့ နေရာတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေ များလာနိုင်ပြီး၊ ထိုင်း၀န်ကြီးချုပ်ကတော့ ပြည်သူများ ကိုဗစ်၁၉ ကူးစက်မှုမခံရအောင် အထူးသတိပြုနေထိုင်ကြဖို့ ဒီကနေ့ကျင်းပတဲ့ ကဘိနက်အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

Ref: DVB News

ဓါတ်ပုံ- ประชาสัมพันธ์ สำนักงานสาธารณสุขจังหวัดเชียงใหม่

SHARE THIS NEWS

OTHER NEWS