10 May 2024

ထိုင်းနိုင်ငံမှာ လေပြင်းမုန်တိုင်းတိုက်ခိုက်နိုင်ပြီး မိုးကြီးနိုင်ကြောင်း၊ အချို့ဒေသတွေမှာ အပူချိန် ၆ ဒီဂရီစင်တီဂရိတ်ခန့် လျော့ကျကာ မိုးသီးကြွေတာတွေရှိနိုင်တယ်လို့ ထိုင်းမိုးဇလက ယနေ့ (ဖေဖေါ်ဝါရီ ၁၈ ရက်) ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

 

 

မြန်မာနိုင်ငံ ဘက်ကလာတဲ့ လေပွေလှိုင်းကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်နှင့် ထိုင်းနိုင်ငံ အထက်ပိုင်းတို့တွင် ရာသီဥတုဆိုးရွားနိုင်ပြီး ယခုရက်ပိုင်းအတွင်း မိုးကြီးနိုင်တယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်သတိပေးထားပါတယ်။

ဖေဖေါ်ဝါရီလ ၁၉ ရက်မှ ၂၁ ရက်အတွင်း တရုတ်နိုင်ငံမှ လေဖိအားနည်းရပ်ဝန်းသည် တောင်တရုတ်ပင်လယ်ပြင် အထက်ပိုင်းနှင့် ထိုင်းပင်လယ်ပြင် တို့ကို ဖုံးလွှမ်းနိုင်တာကြောင့် ထိုင်းနိုင်ငံတစ်ဝှမ်း အပူချိန် ၄-၆ ဒီဂရီစင်တီဂရိတ်ခန့်ကျဆင်းကာ မိုးသည်းထန်ရွာသွန်းနိုင်တယ်လို့ ထိုင်းမိုးဇလ ဝဘ်ဆိုဒ်မှာဖေါ်ပြထားပါတယ်။

ဘန်ကောက်နှင့်အနီးတစ်ဝိုက်ခရိုင်များနှင့် ထိုင်းနိုင်ငံအရှေ့မြောက် ခရိုင်တို့မှာ မိုးကြီးပြီး ထိုင်းနိုင်ငံမြောက်ပိုင်း မှာတော့ မိုးသီးပါကြွေနိုင်တယ်လို့ သိရပါတယ်။

Source : http://www.tmd.go.th

SHARE THIS NEWS

OTHER NEWS