28 April 2024

,

မတ်လ ၂၄ ရက်နေ့က ဆူရင်ခရိုင် Wat Si Sakon တွင် ရွာသားတစ်စုက နှစ် ၅၀၀ သက်တမ်းရှိပြီးသော မယ်သခီယံ (ခေါ် ) သစ်ပင်တစ်ပင်နဲ့ တွေ့ခဲ့ ပါတယ်။

သတင်းထောက်များကလဲ မယ်သခီယံ ကို လာရောက်ဂါရဝပြုကြပါတယ်။

သတင်းထောက်တွေနဲ့ နည်းတူ မယ်သခီယံကို လာရောက်ဂါရဝ ပြုကြတဲ့ လူတွေ ထဲကမှ မိဘတွေနဲ့အတူ ကုသိုလ်ပြုဖို့ ပါလာတဲ့ ကလေးလေးတစ်ယောက် ရှိပါတယ်။ ပြီးတော့ သတင်းထောက်တွေကို အခုလို ပြောပါတယ်။ “ကျွန်တော်လည်း ထီကံစမ်း ရတာကို ကြိုက်တယ်” လို့ ပြောပြီး ဘေးနားကို ခေါ်သွားလိုက် တယ်။ မယ်သခီယံ ရှေ့တွင်မတ်တပ်ရပ်ပြီး ၃လုံးဂဏန်း 482 နဲ့ ၂ လုံဂဏန်း 89 ကိုညွှန်ပြပြီး ဒီနံပါတ်ကို သဘောကျတယ်လို့ ကလေးက ပြောပါတယ်။ ရွာသားများက ထီပေါက်စဉ် ဂဏန်း များကို မြင်ပြီးနောက် အစိုးရထီတွင် မိမိတို့ကံစမ်းရန် ဂဏန်းများကို ချက်ချင်းရေး မှတ်ရန် စုရုံးလာကြပါတယ်။

ဒါ့အပြင် ကံထူးရန်လာရောက်ကြသော ရွာသူရွာသားများသည်အမွှေးတိုင်များ ကပ်၍ နံပါတ်များယူဆောင်လာကြပါတယ်။ နှစ် ၅၀၀ အရွယ် နတ်သမီး မယ်သခီယံ ကို အမွှေးတိုင် နဲ့ ပူဇော်ကာ ရရှိလာတဲ့ ၃လုံးဂဏန်းကတော့ 871 ဖြစ်ပြီး ရွာသူရွာသား တွေကအိမ်မက်နံပါတ် နဲ့ ကိုက်ညီတယ်လို့ ယုံကြည်ကြ တဲ့အတွက် ၁ရက်နေ့ ၄လပိုင်း အတွက် ကံစမ်းရန်အဆင်သင့်ဖြစ်နေကြပါတယ်။ ဒါဟာ ရွာသူရွာသားများ ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်တစ်ခုသာဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS