10 May 2024

,

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ပွဲထွက်လှ
ကမ္ဘာ့အဆင့် ၅၁ ဆင့်ကွားခြားတဲ့ နာမည်ကြီးဗီယက်နမ်အသင်းကို သရေကစားပြီး မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ပွဲထွက်လှ။

ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ AFF Futsal Championship 2022 ပြိုင်ပွဲမှာ မြန်မာ့လက်ရွှေးသင်ဖူဆယ်အသင်းဟာ ကမ္ဘာ့ဖလားဝင်ဗီယက်နမ်အသင်းကို ၁-၁ ဂိုးသရေ စွမ်ဆောင်နိုင်ခဲ့လို့ ပွဲထွက်လှခဲ့ပါတယ်။

မြို့တော်ဗန်ကောက် ဟွားမတ် စတေဒီယမ်မှာ နေ့လယ် ၁၁ နာရီက အုပ်စုပွဲဦးထွက်ပွဲအဖြစ် ဗီယက်နမ်အသင်းနဲ့ မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး ၁ ဂိုးစီသရေကျခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၈၉ မှာရပ်တည်နေပြီး ထိုင်းနည်းပြနဲ့အတူပွဲထွက်လာတဲ့ မြန်မာလက်ရွေးစင်အသင်းဟာ ကမ္ဘာ့အဆင့် ၃၈ မှာရပ်တည်နေတဲ့ ဗီယက်နမ်အသင်းကို သရေကစားနိုင်ခဲ့တဲ့အတွက် ပွဲရလဒ်သရေပေမဲ့ ဂုဏ်သိက္ခာအရ နိုင်တဲ့ပွဲဖြစ်ပါတယ်။

ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးကို ကျောနံပါတ် ၁၃ ကစားသမား N. GIA HUNG က ပွဲကစား ချိန် ၁၃ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပြီး မြန်မာအသင်းအတွက်ချေပဂိုးကိုတော့ ကျောနံပါတ် ၈ ကစား သမား မျိုးမြင့်စိုး က ပွဲကစားချိန် ၂၈ မိနစ်မှာ လှပတဲ့တည်ကန်ဘောကတဆင့်ပြန်လည်သွင်းယူပေးနိုင် ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအတွက်ချေပဂိုးသွင်းယူပေးခဲ့တဲ့ မျိုးမြင့်စိုးဟာ Man of the Match ဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

ထိုင်းနည်းပြကြီး ဘွန်လတ် ကျရုန်ဝန်ကတော့ ပွဲရလဒ်အပေါ်ကျေနပ်အားရပေမဲ့လည်း တိုက်စစ်အပိုင်းကိုအားဖြည့်ရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS