4 May 2024

နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်သည့်နောက်တွင် အိမ်နီးချင်းနိုင်ငံများမှတရားမဝင်လုပ်သားဝင်ရောက်မှုပိုမိုမြင့်တက်လာမည်ကိုစိုးရိမ်ရဟု ထိုင်းဒုရဲချုပ် ဆို။

 

ထိုင်းနိုင်ငံနယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်သည့်နောက်ပိုင်းတွင် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင်လုပ်သားဝင်ရောက်မှုပိုမိုမြင့်မားလာမည်ဟု ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဒမ်ရွန်စတ် ကစ်တီပရဖာ့ က ထိုင်းရဲဌာနချုပ်၌ မယန်နေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။

 

အချက်အလက်များအရ ပြီးခဲ့သည့်အောက်တိုဘာလတွင် စက်တင်ဘာလထက် တရားမဝင်ခိုးဝင်မှု ၂ ဆ မြင့်တက်ခဲ့ပြီး တရားမဝင်လမ်းပြ/ခေါ်ဆောင်/နေရာထိုင်ခင်းပေး/မော်တော်ယာဉ်စီစဉ်ပေးမှုမှာ ၃ ဆခုန်တက်လာသည်ဟု ဒုရဲချုပ်ကဆိုသည်။

 

 

အဆိုပါ ကိန်းဂဏန်းများအရ နိုင်ငံတံခါးဖွင့်သည့်နောက်ပိုင်းတွင် တရားမဝင်လုပ်သားဝင်ရောက်မှုမှာ ယခင်ကထက်အဆပေါင်းများစွာ ခုန်တက်သွားမည်ကိုစိုးရိမ်ရသည်ဟု ဆိုသည်။

 

ဆက်လက်ပြီး အစိုးရ၏မူဝါဒအရ အနောက်ဘက်၊ မြောက်ဘက်နှင့်တောင်ဘက်နယ်စပ်လုံးခြုံရေးကိုပိုမိုတင်းကျပ်သွားမည်ဟု အတည့်အလင်းပြောကြားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS