26 April 2024

 

အနာဂတ်မှာ သယ်သူပို့ဆောင်ရေးယာဥ် တစ်ခုဖြစ်လာမယ့် မျိုးပျံတက္ကစီတွေကို စမ်းသပ်ထုတ်လုပ်လာခဲ့တာ ကြာခဲ့ပါပြီ လတ်တစ်လောမှာတော့ UFO ပုံသဏ္ဍန်နဲ့ဆင်တူတဲ့ မိုးပျံတက္ကစီတစ်စင်းကို အမေရိကန်နိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့ပြီး စမ်းသပ်ပျံသန်းခဲ့ရာ အောင်မြင်ခဲ့ပါတယ်။

အဆိုပါမိုးပျံတက္ကစီကိုတစ်နာရီကီလိုမီတာ ၈၀ နှုန်းဖြင့် ပျံသန်းနိုင်မှာဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံးထားတာ ကြောင့်အရေးပေါ်အခြေအနေနဲ့ ကြုံရသည့်တိုင်အောင် အတိုင်းအတာတစ်ခုထိ ထပ်မံ ပျံသန်းနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

ထုတ်လုပ်ရောင်းချသူကတော့ မိုးပျံတက္ကစီကို ဝယ်ယူလိုသူတွေအနေနဲ့ စပေါ်တင်ထားနိုင်တယ်လို့ပြောပြီး တစ်စင်းကို ဒေါ်လာ ၂ သိန်းခွဲ (ဘတ် ၈ သန်း) ခန့် ရောင်းချသွားဖွယ်ရှိတယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS