9 May 2024

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ ညနေ ၃:၃၀ နာရီခန့်တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆန်ကွန်ဖန်း ရဲစခန်းမှ ဆီဒင်ကားအတွင်း၌ အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိကြောင်း သတင်းရရှိပါတယ်။ ထို့ကြောင့် ဆရာဝန်၊ စုံထောက်ရဲ နှင့်ကယ်ဆယ်ရေးဝန်ထမ်းများက အမြန်သွားရောက်စစ်ဆေးခဲ့ပါတယ်။

အခင်းဖြစ်ရာသို့ရောက်ရှိသောအခါ ရပ်နားထားသောကားကိုတွေ့ရှိ၍ ကားအတွင်း၌ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ယာဉ်မောင်းထိုင်ခုံတွင် လဲလျောင်းလျက် တွေ့ရှိခဲ့ပါတယ်။ ပဏာမ စစ်ဆေးမှုတွင် သူဆုံးသွားသူဟာ ၈ နာရီခန့် သေဆုံးသွားပြီး ဒဏ်ရာ သို့မဟုတ် ညှင်းပန်းနှိပ်စက်မှု လက္ခဏာများ မတွေ့ရှိပါ။

ကနဦးစမ်းစစ်ဆေးမှုအရ ဖခင်ဖြစ်သူ ကိုယ့်ကိုယ်ကိုသတ်သေဖို့ အဆုံးစီရင်ခဲ့တာကို မြင်လိုက်ရလို့ ဝမ်းနည်းကြေကွဲရခဲ့တဲ့ သားဖြစ်သူကပြောပြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖခင်ဖြစ်သူ ထီ ပထမဆု ၆ သန်းပေါက်ခဲ့ပြီး ချင်းမိုင်ခရိုင် ဒွိုင်စကက်ပြည်နယ်မှာ စမတ်ဖုန်းအရောင်းဆိုင်ဖွင့်ခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ အရင်ကလို ပိုက်ဆံရှိတဲ့သူတစ်ယောက်ကနေ ပိုက်ဆံမရှိတဲ့သူတစ်ယောက်ဖြစ်လာတာကြောင့် စိတ်ဖိစီးမှုတွေ များလာပါတယ် လို့ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS