27 April 2024

ရုရှားရဲ့ကျူးကျော်စစ်ကိုခံနေရတဲ့ ယူကရိန်းကို ဂျပန်ဘီလျံနာက ကန်ဒေါ်လာ ၈ ဒသမ ၇ သန်းလှူဒါန်း။

ရုရှားရဲ့ကျူးကျော်စစ်ကို အလူးအလှဲခံနေရတဲ့ ယူကရိန်းကို ဂျပန်ဘီလျံနာသူဌေးတစ်ဉီးဖြစ်တဲ့ ဟီရိုရှိ မီတီတာနီ က အမေရိကန်ဒေါ်လာ ၈ ဒသမ ၇ သန်းလှူဒါန်းဖို့ကြေညာထားပြီး ရုရှားရဲ့ကျူးကျော်မှုဟာဒီမိုကရေစီအပေါ်စိန်ခေါ်မှုတစ်ခုလို့ သူကပြောပါတယ်။

 

 

ယန်းငွေ တစ်ဘီလီယံ (ကန်ဒေါ်လာ ၈ ဒသမ ၇ သန်း) ဟာ စစ်ဘေးဒုက္ခခံစားနေရတဲ့ ယူကရိန်း ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေအတွက် ဖြစ်တယ်လို့ အီလက် ထရွန်နစ် စီးပွားရေးလုပ်ငန်ကြီး Rakuten ကိုတည်ထောင်ခဲ့တဲ့ မီကီတာနီက ယူကရိန်းသမ္မတ ဇီလန်းစကီး ထံ လိပ်မူထားတဲ့ စာထဲမှာပြောပါတယ်။

မိမိအနေနဲ့ ကိဗ်မြို့ကို ၂၀၁၉ တုန်းက လည်ပတ်ခဲ့ပြီး ဇီလန်စကီး နဲ့လည်းတွေ့ခဲ့တယ်လို့ ဂျပန်သူဌေး က ပြောပါတယ်။ ခင်ဗျားနဲ့ယူကရိန်းပြည်သူတွေကို စာနာမိပါတယ်လို့ သူကစာထဲမှာဖော်ပြပါတယ်။ ငြိမ်းချမ်းပြီး ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ယူကရိန်းကို တရားမမျှတဲ့အင်အားနဲ့ နင်းခြေတာဟာ ဒီမိုကရေစီ ကို စိန်ခေါ်တာလို့ ကျွန်တော် ယုံကြည်ပါတယ် လို့ သူကဆိုပြီး ရုရှား နဲ့ ယူကရိန်းက ဒီကိစ္စကို ငြိမ်းချမ်း စွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Ref : The Standard Time Daily

SHARE THIS NEWS

OTHER NEWS