3 May 2024

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၂

ထိုင်းရှိ ခရိုင် ၂၅ ခုတွင် ရေကြီးရေလျှံမှုတွေဖြစ်မယ်လို့ မိုးဇလဌာနကသတိပေးထားပါတယ်။ စက်တင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်နေ့ အနောက်မုတ်သုံလေကြောင့် မိုးသည်းထန်ရွာသွန်းရာကနေတဆင့် ရေကြီးမှုဖြစ်ပွားနိုင်ပါတယ်။

ငါးရက်အတွင်း ထိုင်းနိုင်ငံ နေရာအတော်များများမှာ နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းတာတွေရှိလာပြီး၊ ချင်းမိုင်၊ ဖလှယ့်၊ နာ့န်၊ လန်းပန်း၊ ကန်ဖယ်ဖေ့ချ်၊ တာ့ခ်၊ အုတရာဒစ်၊ ဖိစနိုလို့တ်၊ ဖေ့ချ်ဘွန်၊ လေ၊ ဘွန်ကန်၊ ခွန်ကင်၊ ကာလာဆင်၊ ချိုင်ယဖူး၊ အန်နာ့ကျလိုမ်၊ အုဘွန်ရာ့ချ်ဌာနီ၊ ယစိုထောင်း၊ စီစကက်၊ နခွန်ရာ့ချ်စီမာ၊ ကန်ကျနဘူရီ၊ ပါကျွတ်ခီရီခမ်၊ ကျန်ထူဘူရီ၊ တရာတ်၊ ဖေ့ချ်ဘူရီခရိုင်များတွင် ရေကြီးမှုဖြစ်လာနိုင်တယ်ဟု ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ကြီး ၁၃ ခုနဲ့ ရေလှောင်ကန်ကြီးတွေရဲ့ ရေပမာဏကို အနီးကပ်စောင့်ကြည့်ဖို့၊မြစ်ကမ်းနားနီးနီးနဲ့ ရေကြီးလေ့ရှိတဲ့ ဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့လည်း ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနိုင်ဖို့ လုံလောက်တဲ့အချိန် ရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်ကြဖို့လည်း ဖော်ပြသတိပေးထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ရင်းမြစ်- ထိုင်းမိုးလေဝသဌာန

SHARE THIS NEWS

OTHER NEWS