27 April 2024

ဇွန် ၁ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ ပါထုန်ဌာနီခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးဆိုက်မှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ တရားမဝင်လုပ်သား ၂၆ ယောက်ကို ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ခရိုင် အရာရှိများ၊ ပရာတူမြို့ ရဲစခန်း၊ အုပ်ချုပ်ရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။

မေလ ၃၁ ရက်နေ့မှာ အဖမ်းခံလိုက်ရတာပါ။ အဖမ်းခံရတဲ့အထဲမှာ လမ်းပြ ကားသမား ၂ ယောက်လဲပါဝင်ပါတယ်။ တရားမဝင် ၂၆ ယောက်ထဲမှာ အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်အပါဝင် ကလေး အသက် ၁ နှစ်ကနေ ၁၀ နှစ်အထိလဲ အဖမ်းခံရပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နယ်စပ်တလျှောက်မှောင်ခို လုပ်ငန်းကိုတားဆီးရန် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ ဖမ်းမိထားတဲ့ တရားမဝင်လုပ်သားတွေကိုလဲ အချက်အလက်တွေယူပြီး၊ ဥပဒေနဲ့အညီ အရေးယူပြီးလျှင် ပြည်နှင်ဒါဏ်ပေးသွားမယ်လို့ ဒေသခံ ထိုင်းမီဒီယာများက ဖော်ပြထားပါတယ်။

Andrew KC

ဓါတ်ပုံ – MGR Online

SHARE THIS NEWS

OTHER NEWS