5 May 2024

ကိုရိုနာဗိုင်းရပ် ၂၀၁၉ သို့မဟုတ် ကိုဗစ် -၁၉ ထက်ပြင်းထန် တဲ့ ‘NeoCoV’ ဆိုတဲ့ ဗိုင်းရပ်သစ်တစ်မျိုးကို ဆရာဝန်များ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဝူဟန်တက္ကသိုလ်မှ သုတေသီများဟာ BioRxiv ဂျာနယ်မှာ ‘NeoCoV’ ဆိုတဲ့ ဗိုင်းရပ်သစ်တစ်မျိုးကို တောင်အာဖရိကရှိ လင်းနို့များတွင် တွေ့ရှိကြောင်း၊ အဲဒီ ဗိုင်းရပ်ဟာ MERS မားစ် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ဆက်စပ်မှုရှိနေတာကြာင့် ယခုတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်သစ်ကို MERS-CoV-2 လို့ခေါ်ဆို ဖွယ်ရှိ ကြောင်းရေးသားထားပါတယ်။

NeoCoV ဗိုင်းရပ်ဟာ အသစ်အဆန်းမဟုတ်ဘူးလို့လည်း Independent ဝဘ်ဆိုဒ်က အစီအရင်ခံထားပါတယ်။ ဒီဗိုင်းရပ်နှင့် ဆင်တူတဲ့ ဗိုင်းရပ်တစ်မျိုးကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အရှေ့အလည်ပိုင်းနိုင်ငံတွေမှာ

တွေ့ရှိခဲ့ဖူးတယ်လို့သိရပါတယ်။ ရုရှားသတင်းအေဂျင်စီ TASS ကတော့ ဒီ ဗိုင်းရပ်ဟာ လူတွေအတွက် အန္တရာယ် ဖြစ်စေမလားဆိုတာကို အနီးကပ်လေ့လာဖို့ လိုတယ်လို့ ရေးသားထားပါတယ်။

ဗိုင်းရပ်သစ် ထပ်မံ ရှာဖွေတွေ့ရှိ လာတာဟာ စိုးရိမ်စရာကောင်းတယ်လို့ ဆရာဝန်တွေကဆိုပါတယ်။ ဒီ ဗိုင်းရပ်ဟာ လူတွေအပေါ်ဘယ်လောက်သက်ရောက်မှုရှိမလဲဆိုတာ အနီးကပ် ဆက်လက် အဖြေရှားသွားကြဖို့ လိုတယ်လို့ လည်းဆိုပါတယ်။

NeoCoV ဗိုင်းရပ်စ်ကို လက်ရှိမှာ တောင်အာဖရိကနိုင်ငံမှာ ရှိတဲ့လင်းနို့တွေမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ လူသားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတာကို ပညာရှင်တွေက အဖြေရှာနေကြပါတယ်။ တစ်ကယ်လို့ လူတွေအပေါ်သက်ရောက်မှု ရှိနိုင်ခဲ့ရင် NeoCoV ဗိုင်းရပ်ဟာ ကိုရိုနာဗိုင်းရပ်ထက် ၃ ဆ ပိုပြင်းထန်နိုင်တယ်လို့ ပညာရှင်တွေကဖွင့်ဟပြောဆိုထားပါတယ်။

SHARE THIS NEWS

OTHER NEWS