3 May 2024

အမေရိကားတွင် အမျိုးသားတားဆေးထုတ်လုပ်ရန် ဝက်တွင်စမ်းသပ်မှု ၉၉% အောင်မြင်။

အမျိုးသားသန္ဓေတားဆေးသောက်ဆေးထုတ်လုပ်ရန်အတွက် ဝက်တွင်စမ်းသက်ရာ ၉၉% အထိအောင်မြင်မှုရရှိပြီး ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးခံစားရခြင်းမရှိကြောင်းနှင့်လာမည့်နှစ်ကုန်ပိုင်းတွင်လူတွင်စမ်းသပ်ရန်ရာထားသည်ဟု အမ်ဒီ အပ်ဒူလာဦးဆောင်သော အမေရိကန်ပြည်ထောင်စုရှိ မင်နီဆိုးတားတက္ကသိုလ် သိပ္ပံပညာရှင်အဖွဲ့က ထုတ်ပြန်ထားကြောင်း အေအက်ဖ်ပီသတင်းဌာနကဖော်ပြထားသည်။

အဆိုပါတွေ့ရှိမှုကို လာမည့်နွေဦးရာသီတွင်ကျင်းပရန်ရှိသည့်အမေရိကန်ဓာတုအသင်းအစည်းအဝေးတွင်တင်ပြသွားမည်ဖြစ်ပြီး ယင်းတွေ့ရှိမှုသည်သန္ဓေတားနည်းထပ်တိုးနိုင်မည့်အရေးပါသည့်ခြေလှမ်းတစ်ရပ်ဖြစ်ကာ အမျိုးသားထုအကြားတာဝန်သိမှုတာဝန်ယူမှုမြှင့်တင်ပေးနိုင်မည်ဟု ဆိုသည်။

 

 

မည်သို့ဆိုစေ အမျိုးသားတားဆေးသည် တက်စတိုစတီရုန်းကျားဟော်မုန်းကိုပစ်မှတ်ထားထုတ်လုပ်ထားပြီး ယင်းတားဆေးသည် ကိုယ်အလေးချိန်မြင့်တက်လာခြင်း၊ စိတ်ကျခြင်း၊ ကိုလက်စထရောမြင့်တက်ခြင်း၊ လီပိုပရိုတိန်းသိပ်သည်းဆလျော့နည်းလာခြင်း စသည့်ဘေးထွက်ဆိုးကျိုးများကိုဖြစ်စေနိုင်၍ နှလုံးရောဂါဖြစ်နိုင်ခြေကိုမြင့်မားစေသည်ဟု ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS