25 April 2024

,

ဧပြီလ ၁၀ရက်ေ့ ၂၀၂၂ ခုနှစ်တွင် သတင်းထောက်များက သတင်းပေးပို့ခဲ့ပါတယ်။ ကိုးကွယ်ရာယုံကြည်မှုတစ်ခုအနေနဲ့ Prachin Buri ခရိုင် ဝပ်ကျင်ဆူဘုန်းကြီးကျောင်းရှိ ဝေဿဝဏ်နတ်ဘီလူးမင်းထံ ထိုင်းနှစ်သစ်ကူးပွဲတော်အတွင်း မိမိတို့မွေးရပ်မြေ သို့မပြန်မီ လူအများက တစ်ဖြေးဖြေးလာရောက် ဂါရဝပြုကြပြီး ဆုတောင်းမေတ္တာ ပို့သကြပါတယ်။

ဝေဿဝဏ်နတ်ဘီလူးမင်းထံလာရောက်ဂါရဝပြုကြတဲ့ လူတွေတော်တော်များများက သင်္ကြန်ပွဲတော် (သို့မဟုတ်) ထိုင်းနှစ်သစ်ကူးမှာ ဘေးကင်းစေဖို့အတွက်လာရောက် ဂါရဝပြုကြတာဖြစ်ပါတယ်။ ဝပ်ကျင်ဆူ ဘုန်းကြီးကျောင်းရှိ သန့်ရှင်းသော ရေဇလုံတွင် ဆုတောင်းပွဲတွင် ဖယောင်းတိုင်များဖြင့်ပူဇော်က ထီဂဏန်ကောင်းများကိုတောင်းခံကြ ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ မစ္စတာ Nithirot Suknilthanathon သူသည် ဘုရောင်းကျောင်း သို့ မကြာခဏ လာရောက်ဖူးမြော်သည့်အခါတိုင်း နံ့သာချောင်း များနှင့် ရေသန့်ဇလုံများ ယူဆောင်လာသည်ဟုဆိုကြ ပါတယ်။ ဘုန်ကြီးကျောင်းကို ၃ကြိမ်ဆက်တိုက် ဗျောက်အိုးပေါင်း အလုံး ၁၀၀၀၀ နဲ့ အဓိဋ္ဌာန်ပြုကာ ဗျောက်အိုးအမြီးမှ ရလာတဲ့ ဂဏန်းကတော့ 639၊ 91တို့ဖြစ်ကြပါတယ်။

ယခုတစ်ကြိမ်တွင် ဝပ်ကျင်ဆူ ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မရေဇလုံတွင် နံပါတ် 918 ၊ 435 ပေါ်လာပြီး ရွာသူရွာသားများက ပင်ပေါင်ဘောလုံးပေါ်တွင်ရေးထားသော ဂဏန်း နံပါတ်များကို မဲဆွဲကြရာ သန့်ရှင်းသော ရေဇလုံအတွင်း နံပါတ်နှင့် နီးစပ်သည့် နံပါတ် 982 ကို ရရှိခဲ့ကြောင်း သိရပါတယ်

SHARE THIS NEWS

OTHER NEWS