3 May 2024

,

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၁

ဇနီးဖြစ်သူ နာမည်ကြီးတောင်ကိုရီးယားဘော်လီဘောမယ် အီ ဒါ-ယောင်၏ကိုယ်ထိလက်ရောက်နှိပ်စက်မှုကိုခံရပြီးနောက် ခင်ပွန်းဖြစ်သူစိတ်ကျရောဂါခံစားနေရ။

မူလတန်း၊ အလယ်တန်းနဲ့အထက်တန်းကျောင်းတက်စဉ်အခါက အတန်းဖော်ကို နှိပ်စက်ညှင်းပန်းမှုကြောင့် ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက ပြည်တွင်းဘောလီဘောကစားခွင့်ရာသက်ပန်ပိတ်ပင်ခံထားရတဲ့တောင်ကိုရီးယားလက်ရွေးစင်ဘော်လီဘောမယ် အီ ဒါ-ယောင် နဲ့ပတ်သက်လို့ အားလုံးကိုရှော့ခ်ဖြစ်စေတဲ့သတင်းတစ်ခုကို တောင်ကိုရီးယားထိပ်တန်းသတင်းဌာနတွေက ပြိုင်တူဖော်ပြခဲ့ပါတယ်။

ဒီတခါမှာတော့ အားလုံးကိုပိုပြီးရှော့ခ်ဖြစ်စေတဲ့ခဲ့တယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက အသက် ၂၄ နှစ်အရွယ်ဘော်လီဘောမယ်နဲ့တရားဝင်လက်ထပ်ပြီး အကြင်လင်မယားအဖြစ်အတူနေထိုင်ခဲ့တဲ့ ဂျုံ (အမည်လွဲ) ဆိုသူဟာ ဇနီးဖြစ်သူရဲ့ နှုတ်ဖြင့်စော်ကားတာကိုအမြဲလိုလိုခံခဲ့ရသလို ကိုယ်ထိလက်ရောက်စော်ကားခံရတာကြောင့် စိတ်ရောဂါအထူးကုဆရာဝန်ထံ ကုသမှုခံယူခဲ့ရတယ်လို့ သူတို့နှစ်ဦးရဲ့အတွင်းရေးကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အီ ဒါ-ယောင်နဲ့လက်ထပ်ခဲ့ပြီးနောက် အမျိုးသမီးဖက်က အမြဲလိုလိုနှုတ်ဖြင့်စော်ကားတာအပြင် ကိုယ်ထိလက်ရောက်စော်ကားတာတွေကိုမခံနိုင်တာကြောင့် အိမ်ထောင်သက်တစ်နှစ်မပြည့်ခင်မှာတင် လမ်းခွဲခဲ့ရတယ်လို့ ဂျုံ (အမည်လွဲ) က ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က TV Chosun ရဲ့ News 9 သတင်းဌာနကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတွေကြောင့် သူဟာ စိတ်ကျရောဂါ၊ အကြောက်လွန်ရောဂါနဲ့အိပ်မပျော်တဲ့ရောဂါတွေကိုခံစားနေရတယ်လို့ ဆရာဝန်က ကောက်ချက်ချထားပြီး လက်ရှိမှာဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ဘောလီဘောမယ်နဲ့တရားဝင်ကွာရှင်းဖို့အတွက် ရှေ့နေငှားထားပေမဲ့ ကျောင်း နေစဉ်ကအတန်းဖော်ကို နှိပ်စက်ညှင်းပန်းတဲ့အမှုနဲ့ အီ ဒါ-ယောင်နဲ့ အီ ကျယ်-ယောင် ညီအစ်မတို့ ပြည်တွင်းဘောလီဘောကစားခွင့်ရာသက်ပန်ပိတ်ပင်ခံလိုက်ရတာကြောင့် ထစ်ဆို့ခဲ့တယ်လို့ဆိုပါတယ်။

ဘော်လီဘောမယ်ဟာ ဂရိကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပီအေအိုကေ တက်ဆာလိုနီကီအသင်းနဲ့စာချုပ်ချုပ်ထားပြီး လာမယ့်အောက်တိုဘာ ၁၆ ရက်နေ့မှာ သွားရောက်ကစားမယ်လို့သိရပါတယ်။ ဂရိကိုမထွက်ခွာခင်မှာ သူတို့နှစ်ဦးဟာ မြို့တော်ဆိုးလ်မှာ သတင်းစာရှင်းလင်ပွဲပြုလုပ်ဖို့ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS