10 May 2024

,

အဟာရ ၅ မျိုးကို ညီမျှစွာ စားသုံးပေးခြင်းနဲ့ လေ့ကျင့်ခန်းအစဉ်အမြဲလုပ်ခြင်းဟာ ခန္ဓာကိုယ်ကိုလွန်စွာမှ အထောက်အကူပြုစေပါတယ်။ ဒါပေမယ့် လူ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာကြောင့် ရေများများသောက်သုံးပေးဖို့လည်း မမေ့နဲ့နော်။

ရေဓာတ်ပြတ်လပ်ခြင်းကြောင့်ရောဂါဝေဒနာတွေခံစားရနိုင်သလို ရေများများသောက်ခြင်းကရတဲ့ အကျိုးကျေးဇူးတွေကို သွားကြည့်လိုက်ကြရအောင်။

– အသားအရေကိုကြည်လင်တောက်ပစေတယ်

– အစာချေစနစ်ကိုအထောက်အကူပြုတယ်

– ကယ်လိုရီလောင်ကျွမ်းမှုကိုအထောက်အကူပြုတယ်

– ဆီးလမ်းကြောင်းမှာရှိတဲ့ဘက်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်တယ်

– ခန္ဓာကိုယ်အပူချိန်ကိုထိန်းသိမ်းပေးတယ်

– ခန္ဓာကိုယ်ထဲဆိုဒီယမ်ဓာတ်ကိုထိန်းညှိပေးတယ်

– သွေးလည်ပတ်မှုကိုအထောက်အကူပြုတယ်

အသက်အရွယ်အလိုက်သောက်သုံးရမယ့်ရေပမာဏ

– အသက် ၄-၈ နှစ် တစ်နေ့ကိုရေ ၅ ခွက် ( ၁၂၀၀ မီလီလီတာ)

– အသက် ၉-၁၃ နှစ် တစ်နေ့ကိုရေ ၇-၈ ခွက် ( ၁၆၀၀-၁၉၀၀ မီလီလီတာ)

– အသက် ၁၄-၁၈ နှစ် တစ်နေ့ကိုရေ ၈-၁၁ ခွက် ( ၁၉၀၀-၂၆၀၀ မီလီလီတာ)

– အသက် ၁၉ နှစ်အထက် အမျိုးသမီး တစ်နေ့ကိုရေ ၉ ခွက် ( ၂၁၀၀ မီလီလီတာ)

– အသက် ၁၉ နှစ်အထက် အမျိုးသား တစ်နေ့ကိုရေ ၁၃ ခွက် ( ၃၀၀၀ မီလီလီတာ)

ရေကိုလုံလုံလောက်လောက်သောက်သုံးခြင်းဟာ အကျိုးကျေးဇူးတွေများစွာရှိပေမယ့်လို့ အစာ အဟာရ ၅ မျိုးကိုလည်း ပြီးပြည့်စုံအောင်စားသုံးဖို့လိုပါတယ်နော်။

SHARE THIS NEWS

OTHER NEWS