3 May 2024

,

အင်္ဂလိပ် ပရီးမီးယားလိဂ်မဟာပြိုင်ဘက် သရဲနီ နဲ့ ကြိုးကြာနီ ဇူလိုင် ၁၂ ရက် ထိုင်းမြေပေါ်မှာ ထိပ်တိုက်ရင်ဆိုင်မယ်။

မန်ချက်စတာယူနိုက်တက်အသင်း နဲ့ လီဗာပူးအသင်းတို့ဟာ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့မှာ မြို့တော်ဗန်ကောက် ရာဇမင်္ဂလာအားကစားကွင်းကြီးမှာ ကမ္ဘာကြီးကိုရပ်တန့်သွားစေမယ့်ခြေစမ်းပွဲစဉ် ကြီးကို လာရောက်ကစားကြမယ်လို့သိရပါတယ်။

ဒီသတင်းပတ်ထဲမှာ ပွဲစီစဉ်ပေးတဲ့ ထိုင်းဖရက်ရှ်အဲယားကုမ္ပဏီနဲ့ ပရီးမီးယားလိဂ်အသင်းကြီး နှစ်သင်းကြား စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး မတ်လမှာ တရားဝင်သတင်းစာရှင်းလင်းပွဲ လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲကို နှစ်သင်းလုံးရဲ့အထက်လူကြီးတွေအပါအဝင်၊ သံတမန်တွေတက်ရောက်မယ်လို့သိရပြီး ဘရိုင်အန် ရော့ဘ်ဆင် ကိုယ်တိုင်တက်ရောက်မယ်လို့ မန်ယူဘက်က အတည်ပြုထားပါတယ်။

ဇူလိုင်လဟာ ယူရိုဘောလုံးလောကရဲ့ ရာသီကြိုကာလဖြစ်သလို နှစ်လယ်ပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုဗစ်-၁၉ ကြောင့် နှစ်ကုန်ပိုင်းမှာကျင်းပဖို့ရွှေ့ဆိုင်းလိုက်တာကြောင့်အသင်း ကြီးကအဓိကကစားသမားတွေနဲ့ပွဲထွက်လာဖို့များတယ်လို့ ထိုင်းဘောလုံးကလောင်ရှင်တစ်ဉီးက သုံးသပ်ထားပါတယ်။

ခရစ္စတီနို ရိုနယ်ဒို လိုမျိုး ကြယ်ပွင့်ကစားသမားတွေနဲ့သာပွဲထွက်လာမယ်ဆိုရင် ထိုင်းနိုင်ငံက မန်ယူနဲ့လီဗာပူးလ်ပရိသတ်တွေက ဝင်ကြေးလက်မှတ် ဘယ်လောက်ပဲပေးရပေးရ ကွင်းထဲအရောက်အားပေးဖို့အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

ဘယ်လိုပဲပဲဖြစ်ဖြစ် အင်္ဂလန်မြေပေါ်မှာသွားရောက်အားပေးထာထက် လက်မှတ်ဈေးနှုန်းသက်သာပြီးသား ဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS