3 May 2024

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်းမြို့နယ်မှာ ထိုင်းကိုတရားမဝင် ဝင်ရောက်ဖို့ကြိုးစားနေတဲ့မြန်မာ ၃၆ ယောက်နဲ့ လမ်းပြ (ပွဲစား) ၂ ယောက်ကို ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်လောက်မှာ ဖမ်းဆီးရမိထားတယ်လို့ ထိုင်းတော်ဝင်စစ်တပ်ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

 

ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးမေးမြန်းတော့ ” ကျမတို့ မြန်မာနိုင်ငံနယ်စပ်ကနေ သောင်ရင်းမြစ်ကိုကူးပြီး ထိုင်းကို လမ်းလျှောက်ပြီး ဝင်ရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အတွင်းပိုင်းမှာ အလုပ်လုပ်ဖို့လာခဲ့တာပါ။ ထိုင်းကိုလာဖို့ ပွဲစားခကို ၂၃၀၀၀ ဘတ်ကုန်ကျခဲ့တယ်” လို့ မြန်မာတွေကပြောပြခဲ့ပါတယ်။

 

 

ထိုင်းတော်ဝင်စစ်တပ်က ဖမ်းမိထားတဲ့ မြန်မာ ၃၆ ယောက်၊ လမ်းပြ ၂ ယောက်နဲ့ သက်သေခံပစ္စည်းတွေကို ထပ်မံစစ်ဆေးအရေးယူဆောင်ရွက်ဖို့ မဲ့မေရဲစခန်းကို လွဲပြောင်းပေးအပ်ထားတယ်လို့ ဖော်ပြချက်အရသိရပါတယ်။

 

 

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS