26 April 2024

ဇူလိုင် ၁၄ ရက်၊ ၂၀၂၂

ဆုန်ခရာခရိုင်တွင် ယာဥ်တိုက်မှုဖြစ်တဲ့နေရာမှာ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၁ ယောက် သေဆုံးသွားခဲ့ပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဆဒေါင်း (Sadao) ရဲစခန်းကပြောပါတယ်။

 

 

ဇူလိုင် ၁၂ ရက်နေ့ ညနေ ၇ နာရီခန့်အချိန်မှာဖြစ်ပွားခဲ့ပါတယ်။ ယာဥ်တိုက်မှုဖြစ်တဲ့နေရာက ဆုန်ခရာခရိုင် ဆဒေါင်းမြို့နယ်ရှိ စက်မှုလုပ်ငန်းစက်ရုံရှေ့မှာဖြစ်ပါတယ်။

 

 

ကုန်တင်ကားနဲ့ လူပို့ဟိုင်းလတ်ကားက ဂငယ်ကွေ့ကွေ့ဖို့ လှည့်လိုက်ချိန်မှာ ညာဘက်လမ်းကြောက မောင်းနှင်လာတဲ့ထရပ်ကားကြီးနဲ့ တိုက်မိခဲ့ပြီး ဟိုင်းလတ်ကားကမြောင်းထဲထိုးကျသွားပါတယ်။ ကားတစ်စီးလုံးကြေမွသွားတယ်လို့ အဲနားမှာနေတဲ့သူတွေကပြောပါတယ်။

 

 

လမ်းပေါ်မှာသေဆုံးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီး ၁ ယောက်ကလည်း ဦးခေါင်းကြေမွသွားတယ်လို့ သိရပါတယ်။ အခင်းဖြစ်တဲ့နေရာက ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်ကိုတော့ ဘန်ဒေဘီစာဆေးရုံနဲ့ ဆဒေါင်းဆေးရုံကိုပို့ဆောင်ထားပါတယ်။

 

 

သေဆုံးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီး ၁ ယောက်ရဲ့နာမည်တော့မသိရသေးပါ။ ကားပေါ်မှာ စီးနှင်လာတဲ့အုပ်စုက မြန်မာလုပ်သားတွေဖြစ်လို့ သေဆုံးသူဟာမြန်မာမိန်းကလေးလို့ အခင်းဖြစ်တဲ့နေရာက အသက် ၃၉ နှစ်ရှိ ထိုင်းအမျိုးသမီးတစ်ယောက်ထံကသိရပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ဆဒေါင်းရဲစခန်းက အရေးယူမှုတွေ လုပ်ဆောင်ဖို့ မဆုံးဖြတ်ရသေးခင်မှာ ယာဥ်မောင်းသူ ၂ ယောက်ကိုစစ်ဆေးမှုပြုလုပ်မယ်။ လုံခြုံရေးကင်မရာမှတ်တမ်းတွေကတဆင့် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓာတ်ပုံ หาดใหญ่โฟกัส

SHARE THIS NEWS

OTHER NEWS