10 May 2024

မြို့တော်ဗန်ကောက် ဖဟွန်းယိုထင်လမ်းတွင် လူကူးမျဉ်းကျားမှလမ်းဖြတ်ကူးသည့်မြန်မာအမျိုးသားတစ်ဉီး မော်တော်ဆိုင်ကယ်တိုက်မိ၍ ဦးခေါင်းတွင်ဒဏ်ရာပြင်းထန်ရရှိ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၉.၁၅ နာရီအချိန်ခန့်တွင် မြို့တော်ဗန်ကောက် အမျိုးသား ကျောက်တိုင် (Victory Monument) အနီး ဖဟွန်းယိုထင်လမ်းမပေါ်ရှိ လူကူးမျဉ်းကျားတစ်နေရာတွင် လမ်းဖြတ်ကူးသည့် အသက် ၃၅ နှစ်ခန့်ရှိမည့်မြန်မာအမျိုးသားတစ်ဦးကို မော်တော်ဆိုင်ကယ်တိုက်မိပြီး ဦးခေါင်းတွင်ဒဏ်ရာပြင်းထန်ရရှိကာ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

လမ်းဖြတ်ကူးမည့်သူကိုရပ်တန့်ရန် ဟွန်းသံပေးသော်လည်း မရပ်တန့်၍ တိုက်မိခြင်းဖြစ်သည်ဟု ပထုမ်ဌာနီခရိုင်၊ လလောင်လွန်းမြို့နယ်၊ ခလောင်နိမ်ကျေးရွာအုပ်စုတွင်နေထိုင်သူ အသက် ၄၈ ရှိထိုင်းအမျိုးသား ကထွက်ဆိုသည်။

 

 

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ထိုင်းယာဉ်စည်းကမ်းလမ်းစည်းကမ်းအရ လူကူးမျဉ်းကျား မှလမ်းဖြတ်ကူးသူကို မော်တော်ယာဉ်များကရပ်ပေးရမည်ဖြစ်သော်လည်း မရပ်ပေးသည့်အတွက် ထိုင်းမော်တော်ဆိုင်ကယ်ယာဉ်မောင်းကို ထိုင်းအွန်လိုင်းလောကသားများက ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်ဟု သိရသည်။

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS