9 May 2024

သြဂုတ် ၉ ရက်၊ ၂၀၂၂

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက် ကြီး မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က သြဂုတ်လ ၈ ရက်နေ့ မနက်က လေကြောင်း ကနေ လာရောက်ပစ်ခတ်တိုက်ခိုက်လာလို့ ပြန်လည် ပစ်ခတ်ရာ ရဟတ်ယာဉ် ၁စီး စက်ချို့ ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်ကို (၅)ကြိမ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ပစ်ခတ်မှုမှာ သစ်ပင်တွေကို သာ ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လာရောက်ပစ်ခတ်တဲ့ လေယာဉ်(ရဟတ်ယာဉ်) ၂ စီးအနက် ၁ စီးကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)က ပြန်လည်ပစ်ခတ်ခဲ့ရာ စက်ချို့ ယွင်းပြီး ကညင်ကျိုး ကျေးရွာ စာ သင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က ထိခိုက်ကျဆုံး မှုကို မသိရသေးပေမယ့် KNLA တပ်ရင်း(၉)ဘက်က ထိခိုက်ကျဆုံးမရှိဘူးလို့ သိရပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတဲ့ကျေးရွာတွေဖြစ်တဲ့ ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စတဲ့ ကျေးရွာတွေက ပြည်သူလူထုတွေ အနေနဲ့ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း လည်း KNUက ထုတ်ပြန်ခဲ့ပါတယ်။

Ref: PVPV

SHARE THIS NEWS

OTHER NEWS