3 May 2024

ယူကရိန်း စံတော်ချိန် မနက် ၅ နာရီခန့်က စပြီး ရုရှားက မစ်ဆိုင်းဒုံးတွေကို ယူကရိန်း နိုင်ငံမြို့တော် ကိယက်ဗ် သို့ ပစ်လွှတ်ကာ စစ်မျက်နှာပြင်စဖွင့် ခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ကတော့ အရပ်သားတွေကို ကာကွယ်ဖို့ရည်ရွယ်ပြီး ယူကရိန်းကို စစ်ဆင်ရေး ပြုလုပ်ခဲ့တာဖြစ်ကြောင်း ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် ရုရှားရုပ်မြင်သံကြားအစီအစဉ်တွင် ထုတ်လွှင့်ပြော ဆိုခဲ့ပါတယ်။

ထပ်မံပြီး ဗလာဒီမီယာ ပူတင် က ရုရှားအရေးကိုဝင်ရောက်စွက်ဖက်တဲ့ သူတိုင်း “မကြုံခဲ့ဖူးတဲ့ အခြေအနေဆိုးတွေ နဲ့ကြုံတွေ့ရလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။

ယူကရိန်းကို စစ်မျက်နှာပြင်ခွင့်ခဲ့ရခြင်းဟာ နေတိုးအဖွဲ့တွေရဲ့ အင်အားတိုးချဲ့မှုကို ဟန့်တားရန်ဖြစ်ကြောင်း ရုရှားက အကြောင်းပြချက် ပေးဆဲပါ။

ဒီနေ့မနက်ပိုင်း ရုရှားက စတင်ပြီး ယူကရိန်းကို စစ်မျက်နှာပြင်စဖွင့်ခဲ့တာကြောင့် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ မှာနေထိုင်တဲ့ ပြည်သူတွေဟာ ရရာပစ္စည်းတွေကို ယူပြီး အခြားမြို့တော်များသို့ ထွက်ပြေးနေကြ တာကို တွစ်တာမှာ တင်ထားတာကိုတွေ့ရပါတယ်။

ဗီဒီယိုကြည့်ရန် – https://twitter.com/i/status/1496715561786658817

SHARE THIS NEWS

OTHER NEWS