26 April 2024

မြန်မာနိုင်ငံသား ၁၅ ဦးကို အရွက်တွေကြားမှာ ပုန်းပြီးလိုက်လာခိုင်းလို့ ဟွေ့ယားအူးစစ်ဆေးဂိတ်တွင်ဖမ်းမိသွားတယ်လို့ မဲဆောက်မီဒီယာကဖော်ပြထားပါတယ်။

 

 

အရွက်တွေကို အထုပ်လိုက်ထည့်ပြီး ကားပေါ်မှာ အထပ်ထပ်စီကာ အလည်မှာလူတွေနေဖို့ထားတယ်။ အပေါ်ဘက်မှာတော့ သစ်ပြားတွေခင်းတယ်။ ပတ္တူအမိုးလဲ မိုးထားတဲ့ ပစ်ကပ်ကားတစ်စီးကို တာ့ခ်ခရိုင် တောင်ကြားစစ်ဆေးရေးဂိတ် (ဟွေ့ယားအူး) စစ်ဆေးကြည့်လိုက်တော့ အထဲမှာတရားမ၀င် မြန်မာနိုင်ငံသား ၁၅ ဦးကိုတွေ့သွားပါတယ်။

 

 

ကားသမားကတော့ အသက် ၅၀ ခန့်ရှိပါတယ်။ မြန်မာနိုင်ငံသားကတော့ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေး ၁ ဦးလဲပါတယ်လို့ သိရပါတယ်။

 

 

ကားသမားပြောတာကတော့ မြန်မာ ၁၅ ဦးကို ဖုတ်ဖလမြို့နယ်မှာ သွားတင်လာပြီး၊ သူတို့ကို တာ့ခ်ခရိုင် ၀မ်ကျောက်မြို့နယ်ကို ပို့ပေးရမယ်။ တစ်ခေါက်ကို ၅၀၀၀ ဘတ် မြန်မာပွဲစားဆီကရတယ်လို့ ပြောပါတယ်။ အဖမ်းခံရတဲ့သူတွေကို စစ်ဆေးအရေးယူဖို့ ဖဝေါ်ရဲစခန်းသို့ ပို့ထားတယ်လို့ သတင်းအရသိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – Mae Sot Media

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS