10 May 2024

ရုရှားကျူးကျော်စစ်ကို တွန်းလှန်တိုက်ပွဲဝင်ဖို့ နိုင်ငံခြားသားစေတနာ့ဝန်ထမ်းများ ယူကရိန်းကို သွားရောက်။

ရုရှားရဲ့ ကျူးကျော်စစ်ကို တိုက်ပွဲဝင်ဖို့ နိုင်ငံခြားသား စေတနာ့ဝန်ထမ်း စစ်သည်တွေကို ယူကရိန်း အစိုးရက ဖိတ်ခေါ်ပြီးတဲ့နောက် လုပ်ငန်းခွင်ကလူတွေနဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေဟာ အလုပ်ထွက် ကျောင်းထွက် မလုပ်ခင် နိုင်ငံတကာက ယူကရိန်း သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လျှောက်လွှာ တင်နေကြပါတယ်။

တချို့ လူငယ်စေတနာ့ဝန်ထမ်းတွေကတော့ စာရင်းသွင်းဖို့ ယူကရိန်းကို တိုက်ရိုက် ခရီးထွက်နေကြ တာပါ။

နိုင်ငံတကာတပ်ဖွဲ့ ဖွဲ့စည်းဖို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာဇလန်းစကီးက မေတ္တာရပ်ခံအပြီး ကနေဒါ စားဖိုမှူးဘရစ်ဆန် ဝူးဆေက အလုပ်ထွက်ခဲ့ပါတယ်။

 

 

သူ့မှာ စစ်သင်တန်းတက်ထားတဲ့ အတွေ့အကြုံ မရှိပေမယ့် ပိုလန်ကိုသွားဖို့ လေယာဉ်လက်မှတ်ဝယ်ရေး စီစဉ်နေပြီး ယူကရိန်းကို သွားရောက် တိုက်ပွဲဝင်မယ်လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် တခုခု လုပ်ပေးနိုင်တယ်လို့ ခံစားပြီး တိုက်ပွဲဝင်တာဖြစ်ဖြစ် ထောက်ပံ့ရေး အခြေအနေမှာ ကူညီတာဖြစ်ဖြစ် တခုခု လုပ်ပေးချင်တယ် ဆိုတာတော့ ယုံတယ်လို့ တပတ်အတွင်း ယူကရိန်းကို အရောက်သွားဖို့ စီစဉ်နေတဲ့ ဗြိတိသျှကိုလံဘီယာနယ်သား ပိုဝဲလ်ရီဗာက ပြောပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးကတော့ ယူကရိန်း နိုင်ငံတကာတပ်ဖွဲ့ကို ပူးပေါင်းချင်လားဆိုတာ ဆုံးဖြတ်ဖို့ နိုင်ငံသား တယောက်ချင်းစီ အပေါ်မှာ မူတည်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Ref : DVB

SHARE THIS NEWS

OTHER NEWS