11 May 2024

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၂

“ပိုက်ဆံတွေ အများကြီးထည့်မထားသင့်တော့ဘူး၊ ဘာမပြော ညာမပြောနဲ့ပိတ်ခံရတယ်။ ဖုန်းဆက်တော့လဲ ဟိုမှာဆက်သွယ်ခိုင်း၊ ဒီမှာဆက်သွယ်ခိုင်းတယ်။ ဗဟိုကို အီးမေးလ်နဲ့ ဆက်သွယ်ပေမယ့် ခုထိ reply မပြန်ဘူး” လို့ (K Pay ) အပိတ်ခံရလို့ လူမှုကွန်ရက်များပေါ်တွင်နေသားနေကြတာကိုတွေ့ရပါတယ်။

“Kpay / Wave လုံးဝ ငွေမထားကြပါနဲ့၊ ငွေအလွှဲ အသုံးများသူတွေဆို ငွေကို အကောင့်ထဲ မထားပါနဲ့၊ အကြောင်းလဲ မကြားသလို ဘာလို့ပိတ်သလဲဆိုတာလဲမပြောပါဘူး၊ Bank နဲ့ချိတ်ထားတာမို့ Bank က တာဝန်ယူမယ်မထင်ပါနဲ့ ” ဟု LEX for all ကဖော်ပြထားပါတယ်။

“Call Center လဲဆက်တယ်။ ဆက်တိုင်းမရလို့ Kpay Center ကနေ့တိုင်းဖွင့်လို့ သွားတော့ ဒီလိုမျိုးသူတို့လဲမလုပ်တတ်ဘူးတဲ့ ဗဟိုဘဏ်ကို mail ‌ပို့ခိုင်းပါတယ်။ ညရောက်တော့ပို့တယ် ခုထိအကြောင်းမပြန်သေးဘူး။ ကံကောင်းတာတစ်ခုက ဘဏ်စာအုပ်ထဲက ပိုက်ဆံကထုတ်လို့ရနေ” လို့ May ThweOo ကဖော်ပြထားပါတယ်။

” နာမည်တူ sim တူ level 2 တဲ့ ကိုယ်လည်းပိတ်ခံရတယ်။ ဘာလို့ပိတ်တာလည်းဆိုတော့ ငွေအဝင်အထွက်များလို့ပါ။ ကတော်သေးလို့ ငွေအထုတ်မြန်တာ” လို့ K Pay သုံးစွဲသူတစ်ယောက်ထံကသိရပါတယ်။

ငွေအဝင်အထွက်များတဲ့အကောင့်တွေကို ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားလာမှုအပေါ် KBZPay (အက်ပရိကေးရှင်း) ၏ ဖေ့ဘွတ်ခ်စာမျက်နှာမှာတော့ တစ်စုံတစ်ရာရှင်းပြထားခြင်းမတွေ့သေးပါ။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS