26 April 2024

ရွှေ့ပြောင်းလုပ်သားတွေ စုပြီးနေတဲ့ရပ်ကွက်တွေမှာ ထိုင်းအာဏာပိုင်တွေ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်လာ

ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုင်းအစိုးရဘက်မှ စစ်ဆေးမှုတွေဆက်တိုက်ပြုလုပ်နေပြီး၊ အဲဒီအထဲမှာ တရားမဝင်နှင့် အထောက်အထားမပြည့်စုံဘဲနေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေလဲ ဆက်တိုက်ဖမ်းမိတဲ့သတင်းတွေ တွေ့မြင််နေရပါတယ်။

မဲဆောက်မြို့၊ ကန်ကျနဘူရီခရိုင်၊ ရနောင်းနှင့် မယ်ဆိုင်မြို့တွေအပါဝင် မြန်မာတွေအများဆုံးနေထိုင်တဲ့ စမုပရာကန်ခရိုင်၊ စမုဆာခွန်ခရိုင်နှင့် ဗန်ကောက်မြို့ရပ်ကွက်များမှာ ထိုင်းအာဏာပိုင်တွေဟာ လူတွေအိပ်နေတဲ့အချိန်တွေမှာ အခန်းတွေကို တံခါးခေါက်ဖွင့်ခိုင်းပြီးစစ်ဆေးဆောင်ရွက်နေပါတယ်။

မနေ့က စမုဆာခွန်ခရိုင် ထာ့ဆိုင်မှာရှိတဲ့ အလုပ်တစ်ခုကို ဝင်ရောက်စစ်ဆေးရာမှာ တရားမဝင်နှင့် ရက်ကျော်နေထိုင်တဲ့ မြန်မာ ၁၆ ဦးစစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးအရေးယူနေတယ်လို့ စမုဆာခွန်ခရိုင် သတင်းတွေမှာဖော်ပြထားပါတယ်။

အဖမ်းခံရတဲ့အထဲမှာ Work Permit မရှိဘဲ၊ လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၅ ယောက်နှင့် ရက်ကျော်လွန်နေထိုင်တဲ့ အလုပ်သမား ၁ ယောက်လို့ သိရပါတယ်။

အခုဆိုရင် ထိုင်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် ဆောင်ရွက်နေပါတယ်။ လူကုန်ကူးမှု၊ မူးယစ်မှု၊ ရာဇဝတ်မှုနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့ မလေးရှားနိုင်ငံနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှုတွေ အဖြစ်များနေတဲ့ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေကို ပိုမိုလုပ်ဆောင်နေပြီး နိုင်ငံတွင်းက အရေးကြီးတဲ့ ဌာနဆိုင်ရာတွေနဲ့ ထပ်မံတိုးချဲ့ ပူးပေါင်းကာစစ်ဆေးနေတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပူံ-

ตรงประเด็นข่าว

SHARE THIS NEWS

OTHER NEWS