27 April 2024

VB မျိုးကွဲ အိတ်ချ်အိုင်ဗီသည် အခြားမျိုးကွဲများထက် ၅ ဆခွဲပြင်းထန်ပြီး လူ့ခုခံအားကိုပိုမိုလျင်မြန်စွာကျဆင်းစေသည်ဟု အော့စ်ဖို့ဒ်တက္ကသိုလ် တွေ့ရှိ။

VB မျိုးကွဲ အိတ်ချ်အိုင်ဗီကူးစက်ခံထားရသူများတွင် သွေးတွင်းအိတ်ချ်အိုင်ဗီဗိုင်းရပ်စ်ပိုးပမာဏသည်အခြားမျိုးကွဲများထက် ၃.၅ ဆ မှ ၅.၅ ဆအထိမြင့်မားနေပြီး ခုခံအားကိုပိုမိုလျင်မြန်စွာကျဆင်းစေသည်ဟုလေ့လာတွေ့ရှိရကြောင်း အော့စ်ဖို့ဒ်တက္ကသိုလ် ကူးစက်ရောဂါပညာရှင် ဒေါက်တာ ခရစ် ဝိုင်မင်း ကသုတေသနတွေ့ရှိခဲ့ပြီး လွန်ခဲ့သည့်ဖေဖော်ဝါရီ ၃ ရက်နေ့က စာနယ်ဇင်းတစ်ခုတွင်ဖော်ပြထားသည် ဟု နိုင်ငံခြားသတင်းဌာနများက ရေးသားထားသည်။

တဆက်တည်းတွင် VB မျိုးကွဲကူးစက်ခံထားရသူများသည် ဆေးကုသမှုခံယူသည့်နောက်တွင် ခုခံအားစနစ်ကိုပြန်လည်တည်ဆောက်နိုင်ပြီး သာမာန်လူများနည်းတူ ပုံမှန်ရှင်သန်လှုပ်ရှားနိုင်သည်ဟု ဖော်ပြထားသည်။ ယင်းမျိုးကွဲနှင့်ပတ်သက်ပြီးစိုးရိမ်စရာမရှိသေးဟု ထပ်မံအတည်ပြုထားသည်။

ကမ္ဘာတဝန်းတွင် VB မျိုးကွဲကူးစက်ပျံ့နှံမှုကျဆင်းနေချိန်တွင် နယ်သာလန်နိုင်ငံအတွင်းကူးစက်မှုမြင့်တက်လာနေသည်ဟု ဆိုသည်။

မည်သို့ဆိုစေ စောစောစီးစီးရောဂါတွေ့ရှိနိုင်ပြီး အချိန်မီကုသမှုခံယူခြင်းနှင့်အတူ ခေတ်သစ်ဆေးပညာများကဗိုင်းရပ်စ်ပိုးကိုထိရောက်စွာကုသနိုင်ခြင်းကြောင့် ဗိုင်းရပ်စ်ဗီဇပြောင်းမည့်အလားမလာမရှိဟုယုံကြည်ကြောင်း ဆက်လက်ဖော်ပြထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS