26 April 2024

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၂

ရေတိုင်ဂီပြင်ဆရာကပုတ်နံ့ရလို့ ရေဗုံးကိုဖွင့်ပြီး မီးနဲ့ထိုးကြည့်ရာ အထဲမှာ မည်သူမည်ဝါမှန်းမသိရတော့ဘဲ သေဆုံးပြီး ပုတ်ပွနေတဲ့ လူအလောင်းတစ်လောင်းကိုတွေ့သွားတယ်ဟု NAKON45 ကဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့နေရာက ထိုင်းနိုင်ငံဗန်ကောက်မြို့ ဟွာမမြို့နယ် ရန်ခမ်ဟယ်စွယ် ၁ မှာရှိတဲ့ လူနေအငှားတိုက်ခန်းတစ်ခုမှာဖြစ်ပါတယ်။ အထဲမှာလူသေလောင်းတွေ့ရှိတဲ့ ရေတိုင်ဂီမှာ ရေ ၁၂၅၀ လီတာဆန့်တဲ့ရေတိုင်ဂီကြီးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းအနေနဲ့ကတော့ ယမနေ့ညက အမည် မစ္စဟွန်း အသက် ၂၇ နှစ် မြန်မာနိုင်ငံသားဟာ သေဆုံးနေသူမှာ လွန်ခဲ့တဲ့ ၆ လကတည်းကပျောက်ဆုံးနေတဲ့ သူ့အမျိုးဖြစ်နိုင်တာကြောင့် စစ်ဆေးပေးရန် ရဲစခန်းကိုရောက်လာတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

“တွေ့တဲ့လူသေလောင်းက ကျမဆွေမျိုးဖြစ်နိုင်ချေရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဝတ်အစားအရောင်ကိုကောင်းကောင်းမှတ်မိတယ်။ သူကအသက် ၃၀ နှစ်ပါ၊ သူကစိတ်ကျန်မားရေးနဲ့ဆိုင်တဲ့ရောဂါရှိတယ်။ အရင်က ဘဲဥရောင်းတဲ့လုပ်ငန်းမှာလုပ်ကိုင်တယ်။ သူကစိတ်သိပ်မမှန်ဘူးလေ ဘဲဥတွေကိုခိုးချက်စားတော့ သူ့သူဌေးကတွေ့သွားတယ်။ အဲဒါနဲ့သူ့သူဌေးက နင်နောက်ထပ်လုပ်တာတွေ့ရင် အလုပ်ကနေထုတ်ပြီး၊ မြန်မာပြည်ပြန်ပို့မယ်လို့ ခြိမ်းခြောက်တော့ သူ့ကကြောက်လှန့်ပြီး ဟိုပြေးပုန်း ဒီပြေးပုန်းနဲ့ဖြစ်သွားတယ်။ အဲဒါနဲ့ကျမနဲ့လာနေဖို့ခေါ်ထားပြီး ၄ ရက်နေ့မြောက်မှာပျောက်သွားတယ်။ ဘယ်လိုပဲရှာရှာမတွေ့ခဲ့ဘူး”ဟု သူမကသတင်းထောက်တွေကိုပြောပါတယ်။

ဟွာမတ်ရဲစခန်းပြောကြားချက်အရ အလောင်းကရေထဲမှာဖြစ်နေတော့ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးအဖြေရှာဖို့တော့ အတော်တော့ခဲရင်းတယ်။ ပြီးတော့ အလောင်းကဆွေးမြေ့နေပြီလေ၊ ကနဦးစစ်ချက်ထဲမှာတော့ သေဆုံးသူဟာ ဘာဒဏ်ရာမှမတွေ့ရတဲ့အပြင် တစ်စုံတစ်ခုထိခိုက်တာမျိုးလဲမတွေ့ရဘူး၊ သူ့ဆွေမျိုး DNA နဲ့ ကိုက်ညီမှု ရှိ၊ မရှိအတည်ပြုနိုင်ရန် ထပ်မံစစ်ဆေးမှုတွေ ဆောင်ရွက်သွားမည်ဟု ဆိုပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS