3 May 2024

အမည်မဖော်လိုတဲ့ဓာတ်ပုံဆရာတစ်ဦးက “လေးခွ” လို့အမည်ပေးထားတဲ့ မြန့်မာ့နွေဦးတော်လှန်ရေးသမိုင်းဝင်ဓာတ်ပုံ World Press Photo ဆုရရှိ။

အမည်မဖော်ပြလိုတဲ့ ဓာတ်ပုံဆရာတစ်ဦးက “လေးခွ” လို့အမည်ပေးထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေးသမိုင်းဝင်ဓာတ်ပုံဟာ World Press Photo ဆိုကိုရရှိခဲ့တယ်လို့ Soe Zeya Tun လူမှုကွန်ရက်အကောင့် က မတ်လ ၂၅ ရက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီစိတ်ဓာတ်ပြင်းထန်မှုကိုဖော်ပြနေတဲ့အတွက်ကြောင့် “လေးခွ” ဓာတ်ပုံကိုဆုပေးဖို့ရွေးချယ်ဖြစ်ခဲ့တာလို့ ဆုရွေးချယ်ရေးအဖွဲ့ကမှတ်ချက်ပေးထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

“မြန်မာပြည်သူတွေဟာ ကြီးမားတဲ့စစ်တပ်ကို လေးဂွနဲ့ပစ်တယ်ဆိုတာ ဒီမိုကရေစီကိုကာကွယ်ဖို့ အတွက် သန္နဌန်ချထားတဲ့ ပြည်သူတွေရဲ့ကြီးမားတဲ့ ပုံရိပ်သင်္ကေတဖြစ်တယ်” လို့ဖော်ပြထားပါတယ်။

ဂုဏ်သိက္ခာကြီးမားတဲ့ World Press Photo သတင်းဓာတ်ပုံဆုအပြင် အခြား “တာမွေ” လို့အမည်ပေး ထားတဲ့ ဓာတ်ပုံဆရာကလည်း နွေဦးတော်လှန်ရေး ဆန္ဒပြမှုတွေမှာ အဖြူမဲဓာတ်ပုံတွေနဲ့ဆုရပါသေး တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS