26 April 2024

ဥရောပသမ္မဂ(EU)အဖွဲ့ဝင်လျှောက်လွှာကို ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး လက်မှတ်ထိုးလိုက်ပြီ။

ဥရောပသမ္မဂ (EU) လျှောက်လွှာကို ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးလက်မှတ်ထိုးလိုက်ပြီးဘရပ်ဆဲလ်မြို့ကို ပေးပို့ထားတယ်လို့ ယူကရိန်းလွှတ်တော်ရဲ့တွစ်တာမှာ ဓာတ်ပုံနဲ့အတူတရားဝင် ဖော်ပြထားပါတယ်။

“ဒါဟာ သမိုင်းဝင်အခိုက်အတန့်” လို့ဖော်ပြထားပါတယ်။

တချိန်တည်းမှာ ဥရောပသမ္မဂအဖွဲ့ဝင်လျှောက်လွှာကို သမ္မတဗိုလော့ဒီမာ ဇယ်လန်းစကီး နဲ့အတူ ယူကရိန်းဝန်ကြီးချုပ်နဲ့ယူကရိန်းလွှတ်တော်ဥက္ကဋ္ဌတို့ ပူးပေါင်းလက်မှတ်ထိုးထားတယ်လို့ ယူကရိန်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖော်ပြထားပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS