3 May 2024

ဖေဖော်၀ါရီလ ၂၁ ရက်၊ ၂၀၂၂

တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ဘက်မှာ နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာများကဖော်ပြထားပါတယ်။

 

 

မြန်မာနိုင်ငံသား ၃၀ ဦးကို မြန်မာ-ထိုင်းနယ်စပ် ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတွေက တွေ့သွားလို့ဖမ်းလိုက်တာပါ။ အရေးယူဖို့အတွက် ထာ့ဆောင်ယန်းရဲစခန်းကိုပို့ထားတယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

 

 

ဖမ်းဆီးခြင်းခံရတဲ့ မြန်မာနိုင်ငံသား ၃၀ ဦးမှာ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၁ ဦးလို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေကိုမေးမြန်းရာမှာတော့ သူတို့တွေက တောလမ်းကနေတဆင့် ထိုင်းကိုလမ်းလျှောက်၀င်လာတာလို့ ဆိုပါတယ်။ ထိုင်းကို၀င်ရောက်ဖို့ လူမောင်ခိုသမားတွေကို ၁ ဦး ၂၀၀၀၀ ဘတ်ပေးခဲ့ရတယ်လို့ ပြောပါတယ်။

 

 

ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသား ၃၀ ဦးမှာ ကိုဗစ်၁၉ ရောဂါရှိ၊ မရှိသိဖို့အတွက် ထာ့ဆောင်ယန်းဆေးရုံ၀န်ထမ်းတွေက ATK စနစ်ဖြင့် စစ်ဆေးပေးခဲ့ပြီးတဲ့နောက်၊ တာ့ခ်ခရိုင် သက်ဆိုင်ရာအဖွဲ့တွေက ဆက်လက်အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ-Mae Sot Media

SHARE THIS NEWS

OTHER NEWS