14 May 2024

စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၂

ထိုင်းတွင် လာမည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် နိုရူမုန်တိုင်းတိုက်ခတ်မည်ဟုသိရပြီး၊ မိုးသည်းထန်ခြင်းအပါအဝင် ရုတ်တရက်ရေကြီးရေလျှံခြင်း နှင့် တောင်ကျချောင်းရေလျှံခြင်းများ ဖြစ်နိုင်သည်ဟု ထိုင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထား ပါတယ််။

တောင်တရုတ်ပင်လယ်အလယ်ပိုင်းရှိ မြောက်လတ္တီကျုဒ် ၁၅.၈ နှင့် အရှေ့လောင်ဂျီကျုဒ် ၁၁၉.၂ တွင် နိုရူတိုင်ဖုန်းမုန်တိုင်းတစ်ခုဖြစ်ပေါ်နေပြီး မုန်တိုင်းဗဟိုလေဖိအားသည် တစ်နာရီလျှင် ၁၄၀ ကီလိုမီတာနှုန်းရှိသည်ဟု သိရပါတယ်။

မုန်တိုင်းအရှိန်အပါအဝင် အက်ဒမံပင်လယ်၊ ထိုင်းနိုင်ငံ နှင့် ထိုင်းပင်လယ်ကွေ့တို့ကိုတိုက်ခတ် နေသော အနောက်တောင်မုတ်သုံလေအားကောင်းနေခြင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းအပါအဝင် အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြို့တော်ဗန်ကောက်နှင့်အနီးအနာခရိုင်များတွင် လာမည့်စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အတွင်း တချို့နေရာများကို မိုးကြီးခြင်းနှင့် တချို့နေရာများတွင်မိုးအလွန်ကြီးခြင်းဖြစ်နိုင်ပြီး လေပြင်းတိုက်ခတ်မှာဖြစ်မှာပါတယ်။

မိုးသည်းထန်ခြင်းကြောင့် မြေနိမ့်ဒေသများတွင် ရုတ်တရက်ရေကြီးရေလျှံခြင်းအန္တရာယ်သတိပြုရန် နှင့် တောင်ခြေဒေသများတွင် တောင်ကျချောင်းရေလျှံခြင်းအန္တရာယ်သတိပြုကြရန် သတိပေးထားပါတယ်။

အက်ဒမံပင်လယ်ပြင် နှင့် ထိုင်းပင်လယ်ကွေ့တွင် လှိုင်းကြီးလာမည်ဖြစ်ပြီး လှိုင်းအမြင့်ပေ ၂ မီတာ မှ ၃ မီတာရှိနိုင်ကာ မိုးထစ်ချုန်းသည့်နေရာများတွင် လှိုင်းအမြင့်ပေ ၃ မီတာရှိနိုင်သည်ဟု ဖော်ပြထားပြီး၊ ထိုင်းပင်လယ်ကွေ့အောက်ပိုင်းတွင် လှိုင်းအမြင့်ပေ ၂ မီတာ နှင့်မိုးထစ်ချုန်းသည့်နေရာများတွင် ၂ မီတာအထက်ရှိမည်ဟု ဖော်ပြထားပါတယ်။

ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများအနေဖြင့် သတိဖြင့်သွားလာသင့်ပြီး မိုးထစ်ချုန်းသည့်နေရာများကိုရှောင်ကြဉ်သင့်ပါတယ်။ အက်ဒမံပင်လယ်ပြင်နှင့်ထိုင်းပင်လယ်ကွေ့အထက်ပိုင်းရှိ လေငယ်များမှာ စက်တင်ဘာ ၂၇ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အတွင်း ပင်လယ်မထွက်သင့်ကြောင်း ထုတ်ပြန်ထားပါတယ်။

SHARE THIS NEWS

OTHER NEWS