26 April 2024

တာ့ခ်ခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးကို ဓါးပြဟုအထင်လွဲပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဟန့်ထောင်ကရွန်ထစ်-၄ ရွှေဆိုင်ပိုင်ရှင်ထိုင်းအမျိုးသားကို တရားစွဲ။

အဆိုပါမှုခင်းနှင့်ပတ်သက်ပြီး သေးဆုံသူ၏ဇနီးဖြစ်သူ မမိငယ်နှင့်အတူ K. T. G. Halping hands general services အထွေထွေလူမှုကူညီရေးရုံး မှတာဝန်ရှိသူများက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညနေပိုင်းတွင် ဖိုးဖရဲစခန်းသို့သွားရောက်၍ ရွှေဆိုင်ပိုင်ရှင်ကိုအမှုဖွင့်ခဲ့သည်ဟု မြဝတီ-မဲဆောက် မီဒီယာကဖော်ပြထားသည်။

ကနဉီးတွင် အမှုစစ်ရဲအရာရှိကအမှုဖွင့်ပေးရန်အချိန်ဆွဲနေပြီး အမှုကျေအေးပေးရန်ဖျောင်းဖျပြောဆိုသော်လည်း တရားလိုဘက်က စောဒကတက်မှသာ အမှုဖွင့်ပေးလိုက်သည် အမှုကိုလိုက်ပါဆောင်ရွက်သူ “ကိုသားကြီး” ကပြောကြောင်း ဖော်ပြထားသည်။

 

တဆက်တည်းတွင် ယင်းအမှုနှင့်ပတ်သက်ပြီး တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကွင်းဆေးစစ်ဆေးမှုပြုနေပြီး ရွှေဆိုင်ကိုဝင်ရောက်ဓါးပြတိုက်ခဲ့သည့် သေနတ်သမား ၃ ဉီးအသုံးပြုသော မော်တော်ကား ၂ စင်းကို ဖိုးဖရဲစခန်းကသိမ်းဆည်းရမိထားသည်ဟု ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တာ့ခ်ခရိုင်၊ ဖိုးဖမြို့၊ ဖိုးဖဆေးရုံအနီးရှိ “ဟန့်ထောင်ကရွန်ထစ်-၄” ရွှေဆိုင်ကို သေနတ်သမား ၃ ဦးကဝင်ရောက်ဓါးပြတိုက်ရာ ရွှေဝယ်နေသောမြန်မာလင်မယားနှစ်ဦးက ကြောက်လန့်၍ကောင်တာနောက်တွင်ဝင်ရောက်ပုန်းအောင်းခဲ့ပြီး သေနတ်သမားများပြန်သွားပြီးနောက် ရွှေဆိုင်ပိုင်ရှင်အမျိုးသားရောက်ရှိလာသည့်အခါ ပုန်းအောင်းနေသည့် မြန်မာအမျိုးသားကို ဓါးပြဟုအထင်လွဲပြီး ကိုယ်ဆောင်လာသောသေနတ်ဖြင့် ပွဲချင်းပြီးပစ်သတ်ခဲ့သည် ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS