29 April 2024

ဈေနှုန်းသေနင်္ဂဗျူဟာကြောင့် ၂၀၂၁ တွင် ထိုင်း Kerry Express ၏ ပါဆယ်ထုပ်ပို့ဆောင်မှု ၃၀% တိုး တက်ခဲ့သော်လည်း အမြတ်ငွေ ၉၆.၇% ထိုးကျ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ပါဆယ်ထုပ်ပို့ဆောင်မှု ၃၀% တိုးတက်ခဲ့ပြီး လပေးဝန်ဆောင်မှုသုံးစွဲသူဉီးရေ ၃၂% တိုးတက်ခဲ့သော်လည်း ဝင်ငွေ ၀.၅% ကျဆင်းခဲ့ကာ အမြတ်ငွေ ၉၆.၇% ထိုးကျခဲ့သည်ဟု Kerry Express (Thailand) အများပိုင်ကုမ္ပဏီ သို့မဟုတ် KEX က ဖော်ပြထားသည်။

“ပစ်မှတ်ထားဈေးနှုန်းသေနင်္ဂဗျူဟာ” ကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် Kerry Express ၏လုပ်ငန်းကိုစိတ်ကျေနပ်ဖွယ်တိုးတက်စေခဲ့ပြီး စုစုပေါင်းဝင်ငွေ ဘတ် ၁၈.၈၁၈ ဘီလျံရရှိခဲ့သော်လည်း အမြတ်ငွေဘတ် ၄၆.၉ သန်းသာရရှိခဲ့ကာ ယခင်နှစ်ထက်ဘတ်သန်း ၁၀၀ နီးပါးကျဆင်းခဲ့သည်ဟု ဖော်ပြထားသည်။

“အစီရင်ခံစာတွင်ဖော်ပြထားသည့်အသားတင်အမြတ်ငွေသည် ရာထားချက်နှင့်ကိုက်ညီမှုရှိပြီး Kerry Express အနေဖြင့် ပါဆယ်ထုပ်အမြန်ချောပို့လုပ်ငန်းတွင်ဦိးဆောင်နိုင်ရေးအတွက် ဈေးကွက်ဝေစု ကြီးမားလာရေးကို အဓိကထားလုပ်ကိုင်နေသည်” ဟု ကုမ္ပဏီဉက္ကဋ္ဌကဆိုသည်။

လတ်တလောတွင် ပါဆယ်ထုပ်အမြန်ချောပို့သည့်လုပ်ငန်းတွင် ဈေးနှုန်းပြိုင်ဆိုင်မှုပြင်းထန်လာနေခြင်းကြောင့် ဈေးကွက်ဝေစုကိုပိုမိုခွဲယူနိုင်သော်လည်း အမြတ်ငွေကျဆင်းမှုနှင့်လဲလှယ်ရသည်ဟု ဆိုသည်။

ထိုင်းစာတိုက်လုပ်ငန်းအပါအဝင် Flash Express နှင့် အခြားသော Player များက ပါဆယ်ထုပ်အမြန်ချောပို့လုပ်ငန်းထဲကို အပြိုင်အဆိုင်ဝင်ရောက်လာကြပြီး ဈေးနှုန်းသေနင်္ဂဗျူဟာကို ပြိုင်တူအသုံးပြုလာကြသည်ဟု ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS