27 April 2024

,

အသက် ၂၈ နှစ်အရွယ် ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာက သူ့ရဲ့ သီချင်းပေါင်း အပုဒ် ၂၉၀ ကို Hipgnosis Songs Capital ဟုခေါ်သော လုပ်ငန်းစုတစ်ခုထံ ရောင်းချခဲ့ပါတယ်လို့ နိုင်ငံခြားသတင်းဌာနများက ဖော်ပြပါတယ်။

သတင်းများအရ  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင် ထွက်ရှိခဲ့သော ဂျက်စတင်ဘီဘာရဲ့သီချင်းတွေအတွက် (ဂျက်စတင်ဘီဘာရဲ့ မူပိုင်ခွင့်ရှယ်ယာကို) HipgnoSongs Capital ကုမ္ပဏီက လွှဲပြောင်းရရှိမှာဖြစ်ပြီး ဒီသီချင်းတစ်ပုဒ် ထုတ်လွှင့်တိုင်း ဝင်ငွေ ရရှိနေမှာပါ။

အဆိုပါ အရောင်းအဝယ်၏ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ သို့မဟုတ် ဘတ် သန်း ၆,၅၆၀ ကျော်အထိ ရှိမည်ဟု ခန့်မှန်းထားပါတယ်။ Hipgnosis Songs Capital က တိုက်ရိုက်ကြည့်ရှုခြင်း သို့မဟုတ် ကြော်ငြာနဲ့ ရုပ်ရှင်လုပ်ငန်းမှ ဝင်ငွေရရှိရန် တေးသီချင်းမှုပိုင်ခွင့်များကို ရယူရန် ရည်ရွယ်ချက်ချထားပါတယ်။

ယခင်က ၎င်းတို့သည် နာမည်ကျော် အမေရိကန် အဆိုတော် Justin Timberlake ၏ တေးသီချင်းမူပိုင်ခွင့်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ သို့မဟုတ် ဘတ်ငွေ သန်း ၃,၂၈၀ အထိ ဝယ်ယူခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS