9 May 2024

,

လက်နက်ကိုင်ပြီး အမိမြေကိုကာကွယ်ခဲ့တဲ့ ယူကရိန်းကစားသမား ၂ ဦး စစ်မြေပြင်တွင်ကျဆုံး။

ရုရှားကျူးကျော်စစ်ကြောင့် လက်နက်ကိုင်ပြီး အမိမြေကိုကာကွယ်ခဲ့တဲ့ ယူကရိန်းကစားသမား ၂ ဦး စစ်မြေပြင်မှာကျဆုံးခဲ့တယ်လို့ ကမ္ဘာ့ကြေစားဘောလုံးသမားအဖွဲ့ချုပ် (FIFPRO) က ထုတ်ပြန်ထား ပါတယ်။

အသက် ၂၁ အရွယ် ကာပါတီ လိဖ်ကလပ် လူငယ်ကစားသမားဟောင်း ဝီတာလီ ဆာပီလို နဲ့ အသက် ၂၅ နှစ်အရွယ် ကော့စတိုမေးလ်ကလပ်ကစားသမား ဒီမီထရို မာတီနင်ကို တို့နှစ်ဦးဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။

ကျဆုံးကစားသမားနှစ်ဦးရဲ့ကျန်ရစ်သူမိသားစုတွေကို အားပေးစကားပါးခဲ့ပြီး ကောင်းရာသုဂတိရောက် ပါစေလို့ FIFPRO  ဆုတောင်းပေးခဲ့ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS