4 May 2024

ကြာသပတေးကျူးကျော်စစ်ကြောင့် ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့အက်ပယ်က ထုတ်ကုန်နဲ့ဝန်ဆောင်မှုအားလုံးကို ရုရှားတွင်ရောင်းချမှု ရပ်ဆိုင်း။

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ပတ်သက်ပြီး ယူကရိန်းဘက်ကိုရပ်တည်ပြတဲ့အနေနဲ့ ရုရှားနိုင်ငံအတွင်း အက်ပယ်ထုတ်ကုန်ရောင်းချမှုနဲ့ဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းကြောင်း အက်ပယ်က ထုတ်ပြန်ထားပါတယ်။

စမတ်ဖုန်းတွေအပြင် မိုဘိုင်းငွေပေးချေတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Apple Pay နဲ့ မိုဘိုင်းမြေပုံဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Apple Maps တို့ကို ဝန်ဆောင်မှုရပ်ဆိုင်းထားပါတယ်။

တချိန်တည်းမှာ ယူကရိန်းပြည်သူတွေရဲ့လုံခြုံရေးအတွက် ယူကရိန်းနိုင်ငံအတွင်း Apple Maps ကတဆင့် ယာဉ်အသွားအလာ (Traffic) အချက်အလက်ဝန်ဆောင်မှုနဲ့ တည်နေရာတစ်ခုချင်းစီရဲ့တိုက်ရိုက်အချက်အလက်ဝန်ဆောင်မှုပေးတာတွေကို ရပ်ဆိုင်းထားပါတယ်။

အက်ပယ်ဘက်ကအခုလိုရပ်ဆိုင်းလိုက်တာကြောင့် ရုရှားနိုင်ငံထဲက ဘဏ်တွေရဲ့ မိုဘိုင်းဘန်းကင်းစနစ်ဟာ iOS စနစ်နဲ့တွဲသုံးလို့ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

ရုရှားမှာ အက်ပယ်ရဲ့ထုတ်ကုန်ရောင်းချမှုနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းပေးဖို့ ယူကရိန်း ဒုဝန်ကြီးချုပ်နဲ့ဒစ်ဂျစ်တယ်ဝန်ကြီး မီကာအီလို ဖေဒိုရော့ဖ်က တွစ်တာကတဆင့် အပ်ပယ်ထံ အိတ်ဖွင့်စာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS