4 May 2024

ထိုင်းငံတစ်ဝှမ်း ၂၀၂၂ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ကစလို့ အရက်ဖြူ တစ်ပုလင်း ၅ ဘတ် ဈေးတတ်ဖို့ရှိနေပြီး မတ်လ မှာ ဘီယာတွေလည်း တစ်ပုလင်း ၅ ဘတ် ဈေးတတ်ဖို့ အလားအလာရှိနေပါတယ်။

ယစ်မျိုးအကောက်ခွန်ဦးစီးဌာကတော့ သတ်မှတ်ဈေးထက် ဈေးတင်ရောင်းတဲ့ဆိုင်တွေကို ဒဏ်ရိုက်တဲ့အနေဖြင့် နောက်ကြောင်းပြန် အခွန်ကောက်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

အရက်၊ ဘီယာဈေးတင်ရောင်းတဲ့ဆိုင်တွေကို ဒဏ်ရိုက်ဖို့ ယစ်မျိုးအကောက်ခွန်ဦးစီးဌာနက အခုရက်ပိုင်းအတွင်း ကွင်းဆင်းစစ်ဆေးရန်စီစဉ်နေပြီး ယစ်မျိုးအကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်ရောင်းဈေး ၅ ရာခိုင်နှုန်းထက် ပိုပြီးရောင်းတဲ့ အရက်၊ ဘီယာ လက်လီ / လက်ကားဆိုင်တွေကို စစ်ဆေးတွေ့ရှိခဲ့ပါက နောက်ကြောင်းပြန်အခွန် ထပ်မံ ကောက်ခံသွားမှာဖြစ်ကြောင်း သတိပေးထားပါတယ်။

ယစ်မျိုးအကောက်ခွန်ဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ “စမ္စတာ နတ်ထကွန် အူထင်စု” က မတ်လထဲမှာ ဌာနဆိုင်ရာ အရာရှိများစေလွှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရက်၊ ဘီယာ ဈေးတင်ရောင်းတဲ့ဆိုင်တွေကို နှိမ်နင်းသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS