26 April 2024

,

ကျူးကျော်စစ်ကြောင့် ရုရှားလက်ရွေးစင်အသင်းနဲ့ကလပ်အသင်းအားလုံးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တို့က ဒဏ်ခတ်ပိတ်ဆို့လိုက်ပြီဟု ပူးတွဲကြေညာ။

 ယူကရိန်းကိုမရပ်မနားကျူးကျော်စစ်ဆင်နွှဲနေတဲ့နောက် ရုရှားအမျိုးသားနဲ့အမျိုးသမီးလက်ရွေးစင်အသင်းအပါအဝင် ရုရှားကလပ်အသင်းအားလုံးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နဲ့ ဥရောပဘောလုံး အဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) တို့က ညီညီညွတ်ညွတ် ဒဏ်ခတ်ပိတ်ဆို့လိုက်ပြီလို့ ပူးတွဲထုတ်ပြန်ထား ပါတယ်။

အခုလို ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက် လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာရုရှားအသင်းပါဝင်ယှဉ်ပြိုင်ခွင့်ရတော့မှာမဟုတ်သလို လက်ရှိကစားနေတဲ့ခြေစစ်ပွဲအဆင့်ကနေအိမ်ပြန်ရမှာဖြစ်ပါ တယ်။

ဒါ့အပြင် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်၊ ယူရိုပါ လိဂ် နဲ့ ယူရိုပါကွန်ဖရန့် လိဂ် ပြိုင်ပွဲတွေကိုလည်း ရုရှားကလပ်တွေပါဝင်ယှဉ်ပြိုင်ခွင့်ရတော့မှာ မဟုတ်သလို လက်ရှိယှဉ်ပြိုင်နေတဲ့အသင်းတွေဟာလည်းပြိုင်ပွဲက ထွက်ခွာရဖို့ရှိနေပါတယ်။

တချိန်တည်းမှာ ရုရှားရဲ့ကျူကျော်စစ်ကို ထောက်ခံအားပေးနေတဲ့ ဘီလာရုစ်အသင်းကိုလည်း ဒဏ်ခတ်ပိတ်ဆို့ဖို့ရှိနေတယ်လို့ သိရပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS