27 April 2024

လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်လို့ အင်တိုင်းလေးမြောက်ရွာဒေသခံထောင်နဲ့ချီထွက်ပြေးခဲ့ရ

———————-

ဗန်ကောက် ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃

အင်တိုင်းလေးမြောက်ရွာရှိဒေသခံတွေမှာ စစ်ကောင်စီဘက်က လက်နက်ငယ်များ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။

 

အင်းအား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ယမန်နေ့က ရေဦးမြို့နယ် မန်ကျည်းတောကျေးရွာတွင်းရှိ၊ တောင်ဘုန်းကြီးကျောင်းမှာ ညအိပ်စခန်းချခဲ့ပြီး နောက်နေ့မနက်မှာတော့ ခင်ဦးနယ် အနောက်ခြမ်းဘက်ကို ချီတက်လာပြီး၊အင်တိုင်းလေးမြောက်ရွာအနီးကိုရောက်လာတော့ လက်နက်ငယ်များဖြင့် အဆက်မပြတ်ရမ်းသမ်းပစ်ခတ်မှုတွေလုပ်လာတာကြောင့် ဒေသခံများမှာ အဝတ်တထည်နဲ့ထွက်ပြေးခဲ့ရတယ်ဟု ဆိုပါတယ်။

 

စစ်ကောင်စီရမ်းသမ်းပစ်ခတ်လိုက်တဲ့အချိန်မှာအသက် ၃၀ ကျော် အမျိုးသားတစ်ဦးထိမှန်ခဲ့ပြီး ဒဏ်ရာအနည်းငယ်ရသွားပါတယ်။ အဲဒီနောက် မနက် ၁၀ နာရီခန့်မှာ စစ်ကြောင်းဟာ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း မကျီးအုပ်ကျေးရွာအနီး ရောက်ရှိလာတယ်လို့ သိရပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

သတင်းရင်းမြစ်-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

SHARE THIS NEWS

OTHER NEWS